ချဲလ်ဆီးအသင်းက ရိုဒရီဂိုအား ကမ်းလှမ်းရန်စောင့်ကြည့်နေ
30 May
ချဲလ်ဆီးအသင်းက ရီးရဲလ်တိုက်စစ်ကစားသမား ရိုဒရီဂို အား လာမည့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင် ကမ်းလှမ်းရန် စောင့်ကြည့်နေကြောင်း သိရပါတယ်။ အသက် ၂၄ နှစ်အရွယ် ဘရာဇီးလ်တိုက်စစ်ကစားသမား ရိုဒရီဂို ဟာ ဘာပေ၊ ဘယ်လင်ဂမ်၊ ဗင်နီစီးယပ်စ် တို့လို ဦးစားပေးခံရခြင်းမရှိလို့ ရီးရဲလ်အသင်းမှ ထွက်ခွာဖို့ရှိနေပါတယ်။ ရိုဒရီဂို အနေနဲ့ လာမည့်နွေရာသီတွင် ရီးရဲလ်အသင်းမှထွက်ခွာရန် သေချာသလောက်ရှိနေပြီး အနာဂတ်နှင့်ပတ်သက်ပြီး မဆုံးဖြတ်မီ ရီးရဲလ်နည်းပြသစ် အလွန်ဆို နဲ့ ဆွေးနွေးလိုကြောင်း သိရပါတယ်။ ချဲလ်ဆီးအသင်းက ရိုဒရီဂို ရဲ့အခြေအနေကို စောင့်ကြည့်နေပြီး နွေရာသီအပြောင်းအရွှေ့ ဈေးကွက်ဖွင့်ပါက ကမ်းလှမ်းရန် အသင့်ရှိနေတာ ဖြစ်ပါတယ်။ ရိုဒရီဂို နဲ့ ရီးရဲလ်အသင်းတို့ရဲ့ စာချုပ်သက်တမ်းက ၂၀၂၈ ခုနှစ်အထိရှိနေပြီး ချဲလ်ဆီးအသင်း ၎င်းအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀ အသုံးပြုရဖွယ်ရှိနေကြောင်း သိရပါတယ်။(NVS 008)