ဒီဘရိုင်း ကို ထွက်ခွာခွင့်ပေးခဲ့တဲ့ မန်စီးတီးအသင်းကို ဝေဖန်လိုက်တဲ့ မီကာရစ်ချက်
30 May
ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေတဲ့ မန်စီးတီးနောက်ခံလူဟောင်း မီကာရစ်ချက် က ဒီဘရိုင်း အား ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ထွက်ခွာခွင့်ပေးခဲ့တဲ့ အသင်းရဲ့လုပ်ရပ်ကို ဝေဖန်ပြောကြားခဲ့ပါတယ်။ ဒီဘရိုင်း ဟာ ယခုရာသီကုန်တွင် မန်စီးတီးအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးပြီး အသင်းဘက်က စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းခြင်းမရှိခဲ့လို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ထွက်ခွာရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။ မန်စီးတီးအသင်းတွင် ဆယ်စုနှစ်တစ်ခုကြာ ကစားခဲ့ပြီး အဓိကကစားသမားအဖြစ် ခြေစွမ်းပြခဲ့သူဖြစ်ကာ လက်ရှိ အချိန်ထိ ခြေစွမ်းပြနေသူလည်း ဖြစ်ပါတယ်။ မီကာရစ်ချက် က ဒီဘရိုင်း ဟာ အသင်းအတွက် အများကြီးစွမ်းဆောင်နိုင်ဆဲဖြစ်ကြောင်းနဲ့ သူ့လိုကစားသမား မျိုးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပြုခဲ့တာက မန်စီးတီးအသင်းအနေနဲ့ မှန်ကန်တဲ့လုပ်ရပ်မဟုတ်ကြောင်း ပြောခဲ့ပါတယ်။ (NVS 008)
30 May