“ကျုံပျော်မြို့နယ်မှထွက်ရှိသည့် ပဲလွမ်းဖြူများ အရောင်းအဝယ်ကောင်းမွန်”
30 May
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်မှထွက်ရှိတဲ့ ပဲလွမ်းဖြူများကို ရန်ကုန်ဈေးကွက်မှ ဝယ်လိုအားကောင်းပြီး အရောင်းအဝယ်ကောင်းမွန်လျက်ရှိကြောင်း ကျုံပျော်မြို့နယ်၌ ပဲမျိုးစုံရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူထံမှ သိရပါတယ်။ ကျုံပျော်မြို့နယ်၌ ယခုနှစ် မေလပထမပတ်မှစ၍ ပဲလွမ်းဖြူများ အရောင်းအဝယ်ကောင်းမွန်နေပြီး ရန်ကုန် ဈေးကွက်မှ အဝယ်လိုက်နေကြောင်း သိပါတယ်။ ကျုံပျော်ဒေသမှ လယ်ယာထွက်ကုန်ပစ္စည်းများကို ရန်ကုန်ဈေးကွက်သို့ အဓိကထား တင်ပို့ရောင်းချလျက်ရှိပြီး ပဲလွမ်းဖြူအပါအဝင် မတ်ပဲ၊ ပဲတီစိမ်း၊ ပြောင်း၊ စပါး အစရှိတဲ့ ဒေသထွက်ကုန် များကိုလည်း တင်ပို့ရောင်းချလျက်ရှိပါတယ်။ ကျုံပျော်မြို့နယ်၌ ပဲလွမ်းဖြူများ အရောင်းအဝယ်ကောင်းမွန်နေခြင်းကြောင့် ဝယ်လိုအားနှင့် ရောင်းလိုအား မျှတမှုရှိလာပြီး စိုက်ပျိုးတောင်သူများ အဆင်ပြေနေကြောင်း သိရပါတယ်။ (NVS-004)
30 May