“ရွှေတိဂုံစေတီတော်ဘဏ္ဍာထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးနှစ်ပါးအား ထပ်ဆင့်ချီးကျူးဂုဏ်ပြုသည့် ဂုဏဝိသိဋ္ဌပူဇာ မင်္ဂလာအခမ်းအနားကျင်းပ”

30 May

ရွှေတိဂုံစေတီတော်ဘဏ္ဍာထိန်းဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဘဏ္ဍာထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးနှစ်ပါးအား ထပ်ဆင့်ချီးကျူးဂုဏ်ပြုသည့် ဂုဏဝိသိဋ္ဌပူဇာ မင်္ဂလာအခမ်းအနားကို မေလ ၂၉ ရက်တွင် ရွှေတိဂုံစေတီတော်ရင်ပြင်တောင်ဘက်မုခ်ရှိ ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ ဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ တိပိဋက ဩဝါဒါစရိယ၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ အဘိဓဇမဟာရဋ္ဌဂုရု၊ သ.စ.အ ဓမ္မာစရိယ၊ ပါဠိပါရဂူ ဆရာတော် ဘဒ္ဒန္တသီရိန္ဒာဘိဝံသ ထံမှ အခမ်းအနားတက်ရောက်လာကြသည့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပါတယ်။ ဆက်လက်ပြီး ၂၀၂၅ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တသီရိန္ဒာဘိဝံသ (မဟာဝိသုဒ္ဓါရုံကျောင်းတိုက်ဆရာတော်)နှင့် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တ ဝါယာမိန္ဒာဘိဝံသ (တိပိဋကနိကာယ မဟာဂန္ထဝင်ကျောင်းတိုက်ဆရာတော်) တို့အား ဘဏ္ဍာထိန်းဂေါပကအဖွဲ့ဝင်များက ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ပစ္စည်း များ ဆက်ကပ်လှူဒါန်းကြပါတယ်။ ထို့နောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်းဂေါပကအဖွဲ့ဩဝါဒါစရိယ၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာ ပဏ္ဍိတတိပိဋကရေ တိပိဋကကောဝိဒ ရွေးချယ်ရေးအဖွဲ့ သြဝါဒါစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တ ဝါယာမိန္ဒာ ဘိဝံသ ထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချအမျှပေးဝေဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရပါတယ်။ (NVS-004)

30 May

ADVERTISE HERE .