“ဘရူနိုဖာနန်ဒက်စ်က အသင်းအတွက်အလွန်အရေးပါကြောင်း မန်ယူအသင်းနည်းပြ အာမိုရင်မ် ပြောကြား”

30 May

မန်ယူအသင်းနည်းပြ အာမိုရင်မ် က အသင်းမှာ အနာဂတ်လှုပ်ခတ်နေတဲ့ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ် က အသင်းအတွက် အလွန်အရေးပါဖြစ်သူကြောင်း ပြောကြားခဲ့ပါတယ်။ ပေါ်တူဂီကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ် က ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ စပါးအသင်းကို ရှုံးနိမ့်ပြီး နောက် မန်ယူသင်းအနေနဲ့ လာမယ်နွေရာသီမှာ ရန်ပုံငွေရှာဖွေရန်အတွက် ၎င်းကို ရောင်းချနိုင်ကြောင်း ဖွင့်ဟခဲ့ခြင်း ကြောင့် အာမိုရင်မ် က ပြောကြားလာခြင်းဖြစ်ပါတယ်။ လက်ရှိမှာ ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းက အသက် ၃၀ အရွယ် ဘရူနိုဖာနန်ဒက်စ် ကို ခေါ်ယူရန် စိတ်ဝင်စားနေပြီး မြင့်မားတဲ့ပြောင်းရွှေ့ကြေး၊ မြင့်မားတဲ့လစာနဲ့ ကမ်းလှမ်းရန် အသင့်ရှိနေကြောင်း သိရပါတယ်။ အာမိုရင်မ် က မန်ယူအသင်းရဲ့အပြောင်းအရွှေ့နှင့်ပတ်သက်ပြီးလည်း ဥရောပပြိုင်ပွဲဝင်ခွင့်မရတဲ့အတွက် ကစားသမား အများကြီး မလိုကြောင်းနှင့် ဘဏ္ဍာရေးသာတူညီမျှစည်းမျဉ်းများအရ ကစားသမားများစွာ ခေါ်ယူမည် မဟုတ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။ (NVS 008)

30 May

ADVERTISE HERE .