“ဘာစီလိုနာအသင်း မှထွက်ခွာရန် အစီအစဉ်မရှိဘူးလို့ဆိုတဲ့ အာရူဟို”

30 May

ဘာစီလိုနာနောက်ခံကစားသမား အာရူဟို က အသင်းမှထွက်ခွာရန် အစီအစဉ်မရှိသေးကြောင်း ပြောကြားခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ် အာရူဟို ဟာ ဘာစီလိုနာအသင်းနှင့် ယူရို ၆၅ သန်းတန် လျော်ကြေးစာချုပ်ရှိနေပြီး ယခုနွေရာသီမှာ အသင်းမှထွက်ခွာနိုင်ကြောင်း သတင်းထွက်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာ အာရူဟို ကို ခေါ်ယူရန် ဘိုင်ယန်မြူးနစ်၊ ဂျူဗင်တပ်စ်အပါအဝင် ဥရောပထိပ်တန်းအသင်းအချို့က စိတ်ဝင်စားနေကြောင်း သိရပါတယ်။ ဒါပေမယ့် အာရူဟို က ၎င်းအနေနဲ့ ဘာစီလိုနာအသင်းတွင် ပျော်ရွှင်နေကြောင်း ပြောကြားခဲ့ပါတယ်။ (NVS 008)

30 May

ADVERTISE HERE .