“လိုင်ယွန်အသင်းရဲ့ တိုက်စစ်ကစားသမား ချာကီ ကို ခေါ်ယူရန် စောင့်ကြည့်နေတဲ့ မန်စီးတီးအသင်း”

30 May

မန်စီးတီးအသင်းက လိုင်ယွန်ကွင်းလယ်တိုက်စစ်ကစားသမား ချာကီ ကို ခေါ်ယူရန်စောင့်ကြည့်နေကြောင်း သိရပါတယ်။ မန်စီးတီးအသင်းက အသင်းနှင့်လမ်းခွဲခဲ့တဲ့ ဘယ်လ်ဂျီယံဝါရင့်ကွင်းလယ်တိုက်စစ်ကစားသမား ဒီဘရိုင်း ရဲ့ နေရာမှာ အစားထိုးရန်အတွက် ကစားသမားတစ်ဦး ရှာဖွေနေပါတယ်။ မန်စီးတီးအသင်းအနေနဲ့ လေဗာကူဆင် အသင်းကွင်းလယ်ကစားသမား ဖလော်ရီယန်ဗက်ဇ် ကို ခေါ်ယူရန် စိတ်ဝင်စားခဲ့သော်လည်း ပြောင်းရွှေ့ကြေး မြင့်မားတာကြောင့် လက်လျှော့ခဲ့ကြောင်း သိရပါတယ်။ ဒါကြောင့် မန်စီးတီးအသင်းက ယခုအခါ ပြောင်းရွှေ့ကြေးအနည်းငယ်နဲ့ ခေါ်ယူနိုင်မယ့် လိုင်ယွန်အသင်းရဲ့ တိုက်စစ်ကစားသမား ချာကီ ကို ခေါ်ယူရန်စိတ်ဝင်စားလာခြင်းဖြစ်ပါတယ်။ အသက် ၂၁ နှစ် အရွယ်သာရှိသေးတဲ့ တိုက်စစ်ကစားသမား ချာကီ က လိုင်ယွန်အသင်းမှထွက်ခွာမယ်လို့ အတည်ပြုထားသူဖြစ်တာကြောင့် ချာကီ ရဲ့ စာချုပ်လျော်ကြေးမှာ ပေါင်သန်း ၂၀ နှင့် ပေါင် ၂၅ သန်းကြားသာရှိ ပေးချေရဖွယ်ရှိနေပါတယ်။ ဒါကြောင့် ချာကီ ကိုခေါ်ယူရန် မန်ယူအသင်းအပါအဝင် ဥရောပထိပ်တန်းအသင်းများစွာ စိတ်ဝင်စားနေကြပြီး ယခုအခါ မန်စီးတီး အသင်းကပါ ခေါ်ယူရန် စောင့်ကြည့်နေတာ ဖြစ်ပါတယ်။ (NVS 008)

30 May

ADVERTISE HERE .