“ကွန်းဖရန့်လိဂ် အကောင်းဆုံးကစားသမားအဖြစ် အစ္စကို ရွေးချယ်ခံရ”

30 May

၂၀၂၄-၂၅ ရာသီ ကွန်းဖရန့်လိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားအဖြစ် ဘက်တစ်ကွင်းလယ်ကစားသမား အစ္စကို ကို ရွေးချယ်ခံရပြီး အကောင်းဆုံးလူငယ်ကစားသမားဆုကို ယာဂါးဒန်းအသင်းမှ ကွင်းလယ်ကစားသမား ဂူလစ်ဆန် ရရှိခဲ့ကြောင်း သိရပါတယ်။ ၂၀၂၄-၂၅ ရာသီ ကွန်းဖရန့်လိဂ်ပြိုင်ပွဲမှာ ချဲလ်ဆီးအသင်းက ချန်ပီယံဆုဖလား ရရှိခဲ့ပေမယ့် အကောင်းဆုံး ကစားသမားဆုကို ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ဘက်တစ်အသင်းမှ စပိန်ကွင်းလယ်ကစားသမား အစ္စကို က ရရှိခဲ့ခြင်းဖြစ်ပါတယ်။ အစ္စကို ဟာ ယခုရာသီ ကွန်းဖရန့်လိဂ်ပြိုင်ပွဲမှာ ၉ ပွဲကစားကာ ၂ ဂိုးသွင်း၊ ၃ ဂိုးဖန်တီးပြီး ခြေစွမ်းပြခဲ့တဲ့ အတွက် အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရပါတယ်။ ယာဂါးဒန်းအသင်းမှ ကွင်းလယ်ကစားသမား ဂူလစ်ဆန် ကတော့ ယခုရာသီကွန်းဖရန့်လိဂ်ပြိုင်ပွဲမှာ ၁၂ ပွဲကစားရာမှာ သွင်းဂိုး ၄ ဂိုး၊ ၂ ဂိုး ဖန်တီးကာ ခြေစွမ်းပြခဲ့တာကြောင့် အကောင်းဆုံးလူငယ်ကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်ပါတယ်။ (NVS 008)

30 May

ADVERTISE HERE .