“China-Asean Cup ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် မြန်မာအသင်း”
30 May
တရုတ်နိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမဲ့ 2025 China – Asean Cup ဖိတ်ခေါ်ပိုက်ကျော်ခြင်း ပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအသင်း ပါဝင်ယှဉ်ပြိုင်သွားမယ်လို့ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ကနေ သိရပါတယ်။ အဆိုပါပြိုင်ပွဲကို ဇွန်လ ၁ ရက်ကနေ ၄ ရက်အထိ တရုတ်နိုင်ငံ Huishui(ဟွေ့ရှီ)မြို့မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။ ပြိုင်ပွဲမှာ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ မြန်မာနဲ့ တရုတ်နိုင်ငံက ပိုက်ကျော်ခြင်း အဖွဲ့တွေ ဝင်ရောက်ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင်အသင်းအနေနဲ့ အမျိုးသားအသင်းနဲ့ အမျိုးသမီးအသင်း ၂ သင်း ပါဝင်ယှဥ်ပြိုင်မှာဖြစ်ပြီး ပြိုင်ပွဲအမျိုးအစားအနေနဲ့ ၃ ယောက်တွဲနဲ့ ၄ ယောက်တွဲ ပြိုင်ပွဲနှစ်ရပ်ကို ယှဥ်ပြိုင်ကြမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုပြိုင်ပွဲအတွက် ကစားသမားတွေတွေထဲမှာ ပြီးခဲ့တဲ့ India World Cup ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ ကစားသမားများလည်း ပြန်လည်ပါဝင်ခဲ့ကြောင်း သိရပါတယ်။ (NVS 008)