“တောင်သူများအတွက် မျိုးနှင့်သွင်းအားစုကို သမဝါယမအသင်းက ထောက်ပံ့ပေးမည်”

30 May

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှာ သမဝါယမအသင်းသားတောင်သူတွေကို မိုးစပါးစိုက်ပျိုးနိုင်ရန် ဧကအလိုက် စပါးမျိုးနဲ့ သွင်းအားစုတွေကို ထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း သမဝါယမဦးစီးဌာနမှ သိရပါတယ်။ တိုင်းဒေသကြီး/ပြည်နယ် ၁၃ ခုရဲ့ မြို့နယ်ပေါင်း ၁၁၇ မြို့နယ်မှာ ကျေးရွာသမဝါယမအသင်းပေါင်း ၇၀၀ ကျော် တောင်သူအသင်းသားအရေအတွက် ၂၀,၁၉၄ ဦးရှိတယ်လို့ သိရပါတယ်။ အဆိုပါသမဝါယမအသင်းသားများ အတွက် တစ်ဧကကို ငွေကျပ် နှစ်သိန်းခွဲနဲ့ညီမျှတဲ့ စပါးမျိုးနဲ့ သွင်းအားစု များကို ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ ထောက်ပံ့ပေးတဲ့အခါမှာ အထွက်နှုန်းတိုးတဲ့ မျိုးတွေကို ပြောင်းလဲစိုက်ပျိုး နိုင်ဖို့အတွက် ထောက်ပံ့ပေးသွားမှာဖြစ်ပြီး သွင်းအားစုမြေဩဇာတွေ အပါအဝင် ငွေကျပ် ၂ သိန်းခွဲနဲ့ ညီမျှတဲ့အကူအညီတွေကို ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ အခုနှစ် မိုးစပါးစိုက်ပျိုးရာသီမှာ ဧကပေါင်း ၁ သိန်း ၆ သောင်း ခန့်ကို ငွေကျပ် ဘီလီယံ ၄၀ ခန့် ထောက်ပံ့ပေးသွားမှာ ဖြစ်တယ်လို့လည်း သမဝါယမဦးစီးဌာနကနေ သိရပါတယ်။ (NVS 004)

30 May

ADVERTISE HERE .