“ရန်ကုန်မြို့မှာ အလုပ်အကိုင်အခွင့်အလမ်း ၁,၂၀၀ ကျော်ဖန်တီးပေးနိုင်မယ့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃ ခု ခွင့်ပြုပေးခဲ့”
30 May
ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအနေနဲ့ ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁,၂၀၀ ကျော်ဖန်တီးပေးနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၃ ခုခွင့်ကို ခွင့်ပြုပေးခဲ့ကြောင်း သိရပါတယ်။ ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းများအတွက် ခွင့်ပြုပေးခဲ့တဲ့လုပ်ငန်းများကတော့ ဟိုတယ်နှင့် ခရီးသွား ကဏ္ဍတွင် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂ ခုနှင့် စက်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁ ခုတို့ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၅)ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်အရ ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ အတည်ပြုပေးခဲ့သည့်လုပ်ငန်းများတွင် မိုတယ်ဝန်ဆောင်မှုလုပ်ငန်း၊ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း၊ CMP စနစ်ဖြင့် အဝတ်အထည်ချုပ်လုပ်ခြင်းလုပ်ငန်းများအတွက် မတည်ရင်းနှီးငွေပမာဏမှာ ငွေကျပ်သန်း ၆,၆၁၃ ဒသမ ၂၅၀ နှင့် အမေရိကန်ဒေါ်လာ ၀ ဒသမ ၈၆၆ သန်း တို့ဖြစ်ကာ ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၁,၂၂၀ ကို ဖန်တီးပေးနိုင်မယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြည်တွင်းဝန်ထမ်း ၂၅၀၀ ထပ်မံတိုးမြှင့် ခန့်အပ်မည့် ကုမ္ပဏီတစ်ခု အပါအဝင် အထွေထွေကိစ္စရပ်များတင်ပြလာတဲ့ ကုမ္ပဏီ ၁၄ ခုရဲ့တင်ပြချက်များကိုပါဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ (NVS 004)