“ငလျင်ဒဏ်သင့်အာမခံလုပ်သားများအတွက် ထောက်ပံ့ငွေများကို Online Payment စနစ်နဲ့ ပေးချေနိုင်ရန်စီစဉ်”

30 May

၂၀၂၅-၂၆ ပညာသင်နှစ်အတွက် လူမှုဖူလုံရေး အာမခံလုပ်သားများရဲ့ သားသမီးများအတွက် ပညာသင်စရိတ် ထောက်ပံ့ငွေနှင့် ငလျင်ဒဏ်သင့် အာမခံလုပ်သားများရဲ့ မိသားစုထောက်ပံ့ငွေများကို Online Payment စနစ်များဖြင့် ပေးချေနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရပါတယ်။ လက်ရှိမှာ ပညာသင်စရိတ်ထောက်ပံ့ကြေးနှင့်အတူ တိုင်းဒေသကြီးနှင့်ပြည်နယ် ၆ ခုရှိ ငလျင်ဒဏ်သင့် အာမခံလုပ်သားများကို သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း ကိုပါ Online Payment စနစ်များဖြစ်သော KBZ Pay ၊ AYA Pay ၊ Wave Pay ၊ UAB Pay နှင့် Mytel Pay တို့ဖြင့် ပေးအပ်ထောက်ပံ့နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ အဆိုပါကိစ္စရပ်နဲ့ပတ်သက်၍ မေလ ၂၇ ရက်မှာ နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာနမှာ ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါတယ်။ အလုပ်သမားဝန်ကြီးဌာနရဲ့ ၂၀၂၅ ခုနှစ် မေလ ၂၉ ရက်အထိစာရင်းများအရ တစ်နိုင်ငံလုံးမှာ လူမှုဖူလုံရေး အာမခံထားရှိတဲ့ အလုပ်ဌာနပေါင်း ၃၅,၃၅၅ ခုမှ အာမခံလုပ်သားဦးရေ ၁,၂၉၇,၃၂၆ ဦး ရှိကြောင်းနှင့် ဌာနအနေဖြင့် အာမခံလုပ်သားများရဲ့ ကျန်းမာရေးကုသမှု အကျိုးခံစားခွင့်များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။ (NVS 004)

30 May

ADVERTISE HERE .