"မန္တလေးမြို့ ပရိယတ္တိသာသနဟိတအသင်း (၁၁၉)ကြိမ်မြောက် နယုန်လစာလျှောက်မေးခမ်း ကျင်းပမည်"

29 May

မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ၈၅ လမ်း၊ ၃၄ လမ်းနှင့် ၃၅ လမ်းကြားရှိ ပရိယတ္တိသာသနဟိတအသင်းမှ ကြီးမှူး ၍ (၁၁၉)ကြိမ်မြောက် နယုန်လ ရဟန်းတော်များ စာလျှောက်မေးခမ်းကို ငလျင်ဘေးဒဏ်ကြောင့် ယာယီရပ်ဆိုင်းထားရာ မှ ယခုအခါမှာတော့ ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ ဝင်ရောက်ဖြေဆိုလိုသော ရဟန်းတော်များအနေဖြင့် ဝင်ခွင့်ပုံစံများကို မေလ ၂၄ ရက်မှ ဇွန်လ ၁ဝ ရက်(၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်မှ နယုန်လပြည့်နေ့)အထိ တင်သွင်းနိုင်မှာဖြစ်ပါတယ်။ နှုတ်ထောက်အာဂုံစစ်မေးခြင်းကို ဇွန်လ ၁၉၊ ၂၀၊ ၂၁ ရက်(နယုန်လပြည့်ကျော် ၉ ရက်မှ ၁၁ ရက်)တို့တွင် လည်းကောင်း၊ ရေးဖြေစာမေးပွဲကို ဇွန်လ ၂၈၊ ၂၉၊ ၃၀ ရက်နှင့် ဇူလိုင်လ ၁၊၂ ရက်(ဝါဆိုလဆန်း ၄ ရက်မှ ၈ ရက်)အထိ ငါးရက်တိုင်ကျင်းပသွားမှာဖြစ်ပြီး ဝင်ရောက်ဖြေဆိုမည့် ရဟန်းတော်များအနေနဲ့ စာမေးပွဲလျှောက်လွှာများကို အချိန်မီ ပေးပို့ရန် ပရိယတ္တိသာသနဟိတအသင်းမှ အသိပေးထားပါတယ်။ နယုန်လစာလျှောက်မေးခမ်းအတွက် လှူဒါန်းလိုပါက ပရိယတ္တိသာသနဟိတအသင်း ဖုန်း ဝ၉-၄ဝဝ၉၀၀၄၄၁၊ ၀၉-၄ဝဝ၉၀ဝ၄၄၂၊ ဝ၉-၄ဝဝ၉ဝဝ၄၄၃ တို့ထံ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရပါတယ်။ (NVS-004)

29 May

ADVERTISE HERE .