“သီတဂူစက္ခုဒါနဆေးရုံတော်(ရန်ကုန်)သို့ ဗီယက်နမ်ဗုဒ္ဓဘာသာသာသနာပြုအဖွဲ့က ငွေကျပ်သိန်းတစ်ထောင် လာရောက် လှူဒါန်း”
29 May
သောဠသမ ရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ အရှင်ဉာဏိဿရ ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးထံသို့ မေလ ၂၇ ရက်တွင် ဩစတြေးလျနိုင်ငံနှင့် နယူးဇီလန် နိုင်ငံတို့၌ သာသနာပြုနေသည့်ဆရာတော် VEN.THICH POUOC TAN ဦးဆောင်သော ဗီယက်နမ်ဗုဒ္ဓဘာသာ သာသနာပြု အဖွဲ့က စက္ခုဒါနအလှူအဖြစ် ငွေကျပ်သိန်းတစ်ထောင်ကို လာရောက်လှူဒန်းခဲ့ကြောင်း သိရပါတယ်။ သီတဂူဆရာတော်ကြီးက ဗီယက်နမ် ဗုဒ္ဓဘာသာသာသနာပြုအဖွဲ့အား စက္ခုဒါနအလှူတော်အကြောင်းအရာများ၊ သာသနာပြုလုပ်ငန်းဆောင်ရွက်ချက်များနှင့် မြန်မာနိုင်ငံတွင် ငလျင်ဒဏ်သင့်ဒေသများတွင် သာသနိကအဆောက်အအုံ များ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ရှင်းလင်းမိန့်ကြားခဲ့ပြီး ဗီယက်နမ် ဗုဒ္ဓဘာသာသာသနာပြုအဖွဲ့က လာရောက်လှူဒါန်းခွင့်ရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ဆက်လက်၍ မြန်မာနိုင်ငံ၏ ဗုဒ္ဓသာသနာတော်အတွက် လိုအပ်သည့်နေရာများတွင် လှူဒါန်းဆောင်ရွက်သွားမယ်လို့ လျှောက်ထားကာ သီတဂူဆရာတော်ကြီးက နဝကမ္မလှူဒါန်းမှုအတွက် သာဓုအနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ်ခဲ့ပါတယ်။ ထို့နောက် ဗီယက်နမ်ဗုဒ္ဓဘာသာသာသနာပြုအဖွဲ့က သီတဂူစက္ခုဒါနဆေးရုံတွင် မျက်စိခွဲစိတ်ကုသမှု ခံယူ နေသော မျက်စိဝေဒနာရှင်များအား လှူဒါန်းငွေများနှင့် စားသောက်ဖွယ်ရာများပေးအပ်ပြီး အားပေးစကားပြောကြား ခဲ့ပါတယ်။ ဗီယက်နမ် ဗုဒ္ဓဘာသာ သာသနာပြုအဖွဲ့သည် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စေတီ ပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်စာသင်တိုက်များနှင့် သာသနိကအဆောက်အအုံများ ပြုပြင်ရန်အတွက် သီတဂူဆရာတော်ကြီး၏ ဦးဆောင်မှုနှင့်အတူ သွားရောက်လှူဒါန်းမှာဖြစ်ပြီး ငလျင်ဒဏ်သင့် ဒေသခံပြည်သူများအတွက် လည်း ကူညီလှူဒါန်းပေးသွားမယ်လို့ သိရပါတယ်။ (NVS-004)