“ရန်ကုန်တိုင်းဒေသကြီး၌ မြန်မာ့ရိုးရာသိုင်းပြိုင်ပွဲကျင်းပမည်”

29 May

ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု မြန်မာ့သိုင်းလက်ရွေးစင်ကစားသမားများ ရွေးချယ်နိုင်ရန်အတွက် ၂၀၂၅ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ မြန်မာ့ရိုးရာသိုင်းပြိုင်ပွဲကို ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်ရှိ ပဒေသာအားကစားရုံ၌ ဇွန်လ ၁၄ ရက်မှ ၁၆ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်၊ ရန်ကုန်တိုင်းဒေသကြီး သိုင်းဆပ်ကော်မတီမှ သိရပါတယ်။ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ မြန်မာ့ရိုးရာသိုင်းပြိုင်ပွဲတွင် တစ်ကိုယ်တော်နှင့် အဖွဲ့လိုက်စွမ်းရည်ပြိုင်ပွဲများ၊ ဗန်တို၊ ဓားတစ်လက်၊ ဓားနှစ်လက် စတဲ့ အတိုက်ပြိုင်ပွဲများ ပါဝင်မှာဖြစ်ပြီး အုပ်ချုပ်သူတစ်ဦး၊ နည်းပြနှစ်ဦး၊ ကစားသမား ၃၅ ဦး ပါဝင်သွားမှာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်ကစားသမားများ၏ ကျန်းမာရေးကို အသင်းအုပ်ချုပ်သူက တာဝန်ယူရမှာဖြစ်ပြီး ကိုယ်အလေးချိန် စစ်ဆေးခြင်းကို ဇွန်လ ၁၂ ရက်တွင် ပြုလုပ်မှာပါတယ်။ ပြိုင်ပွဲမှဆုရရှိပြီး ရွေးချယ်ထားသူများကို သြဂုတ်လတွင် ကျင်းပမယ့် တိုင်းဒေသကြီးနှင့် ပြည်နယ်ပြိုင်ပွဲ၌ ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု လက်ရွေးစင်ကစားသမားများအဖြစ် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ဆက်လက်စခန်းသွင်း လေ့ကျင့်ပေးသွားမယ်လို့ သိရပါတယ်။ (NVS-004)

29 May

ADVERTISE HERE .