“ပိုစတီကိုဂလူးကို နည်းပြအဖြစ်ဆက်ထားရန် စပါးကစားသမားများ တောင်းဆို”

29 May

စပါးကစားသမားများက အသင်းနည်းပြ ပိုစတီကိုဂလူးအား ၎င်းရာထူးမှာ ဆက်လက်ထားရှိရန် အသင်းဥက္ကဋ္ဌကို တောင်းဆိုခဲ့ကြကြောင်း သိရပါတယ်။ စပါးအသင်းက ယခုရာသီမှာ ယူရိုပါလိဂ်ဖလား ရရှိပြီး လာမည့်နှစ် ချန်ပီယံလိဂ် ဝင်ခွင့်ရရှိခဲ့ပါတယ်။ သို့သော် ပရီးမီးယားလိဂ်မှာ ၂၂ ပွဲအထိ ရှုံးနိမ့်ခဲ့ကာ ရမှတ် ၃၈ မှတ်နဲ့ အဆင့် (၁၇)နေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါကြောင့် စပါးအသင်းတာဝန်ရှိသူများက ပိုစတီကိုဂလူးအား ရာထူးမှထုတ်ပယ်ရန် စီစဉ်နေကြကြောင်း သိရပါတယ်။ သို့သော် စပါးအသင်းကစားသမားများက အသင်းကို ၁၇ နှစ်အတွင်း ပထမဆုံးဖလား ရယူပေးခဲ့တဲ့ ပိုစတီကိုဂလူး ကို ရာထူးမှမထုတ်ဘဲ ဆက်ထားရန် တောင်းဆိုခဲ့ကြပါတယ်။ ပိုစတီကိုဂလူးဟာ ၂၀၂၃ ခုနှစ် ဇွန်လတွင် စပါးအသင်းသို့ လေးနှစ်စာချုပ်နဲ့ ရောက်ရှိလာခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့် စပါးအသင်းနှင့် စာချုပ်သက်တမ်းမှာ နှစ်နှစ်ကျန်နေသေး ကြောင်း သိရပါတယ်။ (NVS 008)

29 May

ADVERTISE HERE .