“ဘက်တစ် ကို အနိုင်ရရှိကာ ကွန်းဖရန့်လိဂ် ချန်ပီယံဖြစ်ခဲ့တဲ့ ချဲလ်ဆီးအသင်း”

29 May

မေလ ၂၉ ရက်အစောပိုင်းက ကစားခဲ့တဲ့ ကွန်းဖရန့်လိဂ် ဗိုလ်လုပွဲမှာ ချဲလ်ဆီးအသင်းက ဘက်တစ်အသင်းကို ၄ ဂိုး ၁ တစ်ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး ကွန်းဖရန့်လိဂ် ချန်ပီယံကို ရရှိခဲ့ပါတယ်။ အခုပွဲစဉ်မှာ ပထမပိုင်းပွဲစဉ်တွင် ဘက်တစ်အသင်း က ချဲလ်ဆီးအသင်းကို ပွဲချိန် ၉ မိနစ်မှာ အက်ဇယ်ဇူလီ သွင်းဂိုးနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဘက်တစ်အသင်းက ချဲလ်ဆီးအသင်းကို ပွဲချိန် မိနစ် ၆၀ ကျော်အထိ ဖိအားပေး ကစားထားနိုင်ပေမယ့် အဆုံးသတ်မသေချာမှုတွေကြောင့် နစ်နာခဲ့ရတာ ဖြစ်ပါတယ်။ ပွဲချိန် ၆၅ မှာ အန်ဇိုဖာနန်ဒက်ဇ် က ချဲလ်ဆီးအသင်းအတွက် ချေပဂိုးသွင်းယူပေးနိုင်ခဲ့ပြီး အနိုင်သေချာစေမယ့်သွင်းဂိုးတွေကိုတော့ ပွဲချိန် ၇၀ မိနစ်မှာ ဂျက်ဆန်၊ ပွဲချိန် ၈၃ မိနစ်မှာ ဆန်ချို နှင့် ပွဲချိန် ၉၁ မိနစ်မှာ ကိုင်စီဒို တို့ကသွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုနိုင်ပွဲကြောင့် ချဲလ်ဆီးအသင်းက ဥရောပပြိုင်ပွဲ သုံးခုမှာ ဗိုလ်စွဲနိုင်တဲ့ ပထမဆုံးအသင်း ဖြစ်လာခဲ့ပါတယ်။ (NVS 008)

29 May

ADVERTISE HERE .