“Fitness Competition ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာ”

29 May

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်တဲ့ Hyro x Bangkok 2025 Fitness Competition ပြိုင်ပွဲမှာ မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သူမ၏ Facebook လူမှုကွန်ရက်တွင် ရေးသားမျှဝေထားပါတယ်။ သူမအနေဖြင့် ပထမဆုံးအကြိမ်အဖြစ် ယှဉ်ပြိုင်ခဲ့တဲ့ Fitness Competition ကို အကောင်းဆုံးကြိုးစား ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ဆက်လက်ပြီး Partner တွဲဆော့ခဲ့တဲ့ Yin Yin Myat နဲ့ Python MMA က very supportive organization ရဲ့ coaches နဲ့ supporters တွေအားလုံးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်လို့ ရေးသားမျှဝေထားပါတယ်။ ကြက်တောင်မယ် သက်ထားသူဇာ က ကမ္ဘာ့အဆင့်သတ်မှတ်ချက် (၇၆)တွင် ရပ်တည်နေသူ တစ်ဦးလည်းဖြစ်ပါတယ်။ (NVS 008)

29 May

ADVERTISE HERE .