“မန်ယူအသင်းကို ဂိုးသွင်းဖူးတဲ့ ပထမဆုံး မြန်မာကစားသမားအဖြစ်မှတ်တမ်းဝင်ခဲတဲ့ မောင်မောင်လွင်”
29 May
မေလ ၂၈ ရက်ညပိုင်းမှာ မန်ယူအသင်းနှင့် ASEAN All-Stars အသင်းတို့ ခြေစစ်ပွဲကစားအဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ အဆိုပါပွဲစဉ်မှာ မြန်မာ့လက်ရွေးစင် ကွင်းလယ်ကစားသမား မောင်မောင်လွင် က ASEAN All-Stars အသင်းအတွက် ပွဲထွက်ကစားခွင့်မရသော်လည်း ဒုတိယပိုင်းအစမှာ လူစားဝင်ရောက်ခဲ့ပြီး ပွဲချိန် ၇၃ မိနစ်မှာ အနိုင်ဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ မောင်မောင်လွင် ဟာ နာမည်ကြီးအင်္ဂလန်ကလပ် မန်ယူအသင်းကို ဂိုးသွင်းဖူးတဲ့ ပထမဆုံး မြန်မာကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ASEAN-All Stars အသင်းတွင် မြန်မာ၊ ဗီယက်နမ်၊ တီမောနှင့် ကမ္ဘောဒီးယားစသည့် အာဆီယံနိုင်ငံများမှ လက်ရွေးစင်ကစားသမားများကို အာဆီယံ ဘောလုံးအဖွဲ့ချုပ် (AFF) က ရွေးချယ်ခေါ်ယူ ဖွဲ့စည်းထားခြင်းဖြစ်ပါတယ်။ (NVS 008)
29 May