“မန္တလေးငလျင် နှစ်လပြည့် ဆုတောင်း မေတ္တာပို့၊ အမျှပေးဝေခြင်းကို စစ်ကိုင်းတွင်ပြုလုပ်ခဲ့”
29 May
မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် သေကျေပျက်စီးဆုံးရှုံးမှု ၂ လ ပြည့်ကို မေလ ၂၈ ရက်၊ နံနက်ပိုင်းက စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ ဆွမ်းဦးပုညရှင်စေတီတော် သာသနာ့ဗိမာန်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ၂၀၂၅ ရက် မတ်လ ၂၈ ရက်မှာ အင်အားအလွန်ပြင်းထန်တဲ့ မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အသက်ဆုံးရှုံး မှုများနှင့် ပျက်စီးဆုံးရှုံးခဲ့ရမှု ၂ လပြည့်အဖြစ် ဆုတောင်းမေတ္တာပို့သကာ အမျှအတမ်းပေးဝေခြင်းများ ပြုလုပ်ခဲ့ကြ ပါတယ်။ အဆိုပါ အမျှအတမ်းပေးဝေပွဲကို စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်နေပြည်သူများက စုပေါင်းကာ ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ (NVS 004)
29 May