“နိုင်ငံတကာဆေးဘက်ဆိုင်ရာလုပ်ငန်းပူးပေါင်းဆောင်ရွက်မှု ညီလာခံနှင့် ဆေးဘက်ဆိုင်ရာစက်မှု ထုတ်ကုန်များ ကုန်စည်ပြပွဲသို့ မြန်မာကောင်စစ်ဝန်ချုပ်တက်ရောက်”
29 May
အပြည်ပြည်ဆိုင်ရာ ဆေးဘက်ဆိုင်ရာ စက်မှုထုတ်ကုန်ပစ္စည်းများ ကုန်စည်ပြပွဲနှင့် တောင်အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံတကာ ဆေးဘက်ဆိုင်ရာလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုနှင့် ဖလှယ်မှုမြှင့်တင်ရေး ညီလာခံသို့ ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ် ပါဝင်တတ်ရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားပါတယ်။ အဆိုပါပွဲကို မေလ ၂၆ ရက်နှင့် ၂၇ ရက်တို့မှာ တလီမြို့၊ မီသုကျန်းမာရေး စက်မှုဥယျာဉ်မှာ တလီအပြည်ပြည် ဆိုင်ရာဆေးဘက်ဆိုင်ရာ စက်မှုထုတ်ကုန်ပစ္စည်းများ ကုန်စည်ပြပွဲကျင်းပရေးကော်မတီမှ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ကောင်စစ်ဝန်ချုပ်က အဆိုပါ ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားတွင် မိန့်ခွန်းပြောကြားခဲ့ပြီး ကုန်စည်ပြပွဲမှာ ဖွင့်လှစ်ပြသထားသည့် ဆေးဘက်စက်မှုထုတ်ကုန်ပစ္စည်းများကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရပါတယ်။အဆိုပါ အခမ်းအနားသို့ တလီပိုင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု၏ ပါတီအတွင်းရေးမှူးနှင့် ခရိုင်ပြည်သူ့အစိုးရ၏ အုပ်ချုပ်ရေး မှူး Mr. Cheng Zhenyong၊ ကမ္ဘောဒီယားနိုင်ငံ၊ လာအိုနိုင်ငံတို့မှ ကျန်းမာရေးဝန်ကြီးဌာန ကိုယ်စားလှယ်များ၊ ကူမင်းမြို့အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များနှင့် ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ (NVS 004)