"Pre Listing Board မှာ အကြံပေးကုမ္ပဏီတစ်ခု ထပ်မံခွင့်ပြု"

29 May

ရန်ကုန်စတော့အိတ်ချိန်းရဲ့ ဒုတိယဈေးကွက်ဖြစ်တဲ့ Pre Listing Board အတွက် Registration Adviser အဖြစ် Competency Business Solutions ကုမ္ပဏီကို ထပ်မံခွင့်ပြုပေးလိုက်တယ်လို့ ရန်ကုန်စတော့ အိတ်ချိန်းရဲ့ အမှုဆောင် အကြီးတန်းမန်နေဂျာ ဦးမင်းသူထံမှ သိရပါတယ်။ ယခင်က Pre listing board အတွက် Registration Adviser အဖြစ် Trust Venture Partners ကုမ္ပဏီ ၊ Maximax Solution Services ကုမ္ပဏီ နဲ့ Myanmar Enterprise Solutions ကုမ္ပဏီ ၃ ခုကို ခွင့်ပြုထား တာ ဖြစ်ပါတယ်။ အခုထပ်မံခွင့်ပြုလိုက်တဲ့ ကုမ္ပဏီကတော့ ၄ ခုမြောက် Registration Adviser ကုမ္ပဏီ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီ Registration Adviser ကုမ္ပဏီတွေဟာ Pre listing board မှာ ပါဝင်လိုတဲ့ အများပိုင် ကုမ္ပဏီတွေ စာရင်းဝင်ဖြစ်ဖို့အတွက် လိုအပ်တဲ့ နည်းပညာ အကူအညီတွေကို ပေးရမှာ ဖြစ်တယ်လို့ သိရပါတယ်။ Pre listing board မှာ ပါဝင်လိုတဲ့ အများပိုင်ကုမ္ပဏီတွေဟာ အဲဒီကုမ္ပဏီ ၄ ခုထဲက တစ်ခုကို ‌ရွေးချယ် ငှားရမ်းပြီး နည်းပညာ အကူအညီတွေ ရယူနိုင်သလို Main Board အတွက် ခွင့်ပြုထားတဲ့ Securities Exchange ကုမ္ပဏီ ၆ ခုထဲက တစ်ခုကိုလည်း ရွေးချယ်ငှားရမ်းခွင့်ရှိမှာ ဖြစ်ပါတယ်။ Registration Adviser အဖြစ် ခွင့်ပြုထားတဲ့ အဲဒီကုမ္ပဏီ ၄ ခုကတော့ Pre listing board အတွက် သီးခြား ခွင့်ပြုထားတဲ့ ကုမ္ပဏီတွေဖြစ်လို့ Main Board မှာ ပါဝင်လိုတဲ့ အများပိုင်ကုမ္ပဏီကိုတော့ ဝန်ဆောင်မှုပေးလို့ မရဘူးလို့ သိရပါတယ်။ လက်ရှိ Pre Listing Board မှာတော့ MADPL ကုမ္ပဏီက နေ့စဉ်ရှယ်ယာအရောင်းအဝယ်တွေ လုပ်ဆောင်နေ ပါတယ်။ အခုနှစ်ထဲမှာတော့ စိုက်ပျိုးရေးကို အခြေခံတဲ့ အများပိုင်ကုမ္ပဏီတစ်ခု Pre Listing Board မှာ ထပ်မံဝင်‌ရောက်လာဖို့ ပြင်ဆင်‌ဆောင်ရွက်နေတယ်လို့ ရန်ကုန်စ‌တော့အိတ်ချိန်း ဈေးကွက်က သိရပါတယ်။ (NVS 004)

29 May

ADVERTISE HERE .