“မြန်မာနိုင်ငံမှ ရေထွက်ကုန်များကို လေကြောင်းကနေ စီချွမ်းပြည်နယ် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ချိမည်”

29 May

မြန်မာနိုင်ငံမှ ရေထွက်ကုန်များဖြစ်တဲ့ ငါး၊ ပုစွန်၊ ကဏန်း၊ ငါးရှဉ့်တို့ကို တင်ဆောင်ကာ တရုတ်နိုင်ငံ၊ စီချွမ်း ပြည်နယ် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ချိမည်ဖြစ်ကြောင်းလည်း သိရပါတယ်။ မေလ ၂၆ ရက်က တရုတ်နိုင်ငံ၊ စီချွမ်းပြည်နယ်၊ ချန်ဒူးမြို့မှာကျင်းပပြုလုပ်ခဲ့တဲ့ ကျင်းတုံးလေကြောင်း လိုင်းရဲ့ ချန်ဒူး-ရန်ကုန် ကုန်တင်လေယာဉ်စတင်ပြေးဆွဲခြင်းအခမ်းအနားကို ချုံချင့်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်း တက်ရောက်ခဲ့ပါတယ်။ အဆိုပါကျင်းတုံးလေကြောင်း စတင်ပြေးဆွဲခြင်းအခမ်းအနားသို့ မြန်မာကောင်စစ်ဝန်ချုပ်နှင့်အတူ စီချွမ်း ပြည်နယ်လေကြောင်း တာဝန်ရှိသူများ၊ ကျင်းတုံးလေကြောင်းလိုင်း တာဝန်ရှိသူများ၊ မြန်မာနှင့်တရုတ်အကြား စီးပွားရေးနှင့် ကုန်သွယ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်နေသူများ တက်ရောက်ခဲ့ကြပါတယ်။ အဲဒီနောက် ချန်ဒူး Shuangliu လေကြောင်း စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ၊ ချန်ဒူး အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးအုပ်စုကုမ္ပဏီနှင့် JD လေကြောင်းတို့က နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အဆိုပါ ကျင်းတုံးလေကြောင်းလိုင်း၏ လေယာဉ်အမှတ် 737-800BCF က အထည်အလိပ်နှင့် ပိုးထည်အပြည့် တင်ဆောင်ကာ Chengdu Shuangliu အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မေလ ၂၆ ရက်၊ ဒေသစံတော်ချိန် နေ့လယ် ၁ နာရီ ၃၆ မိနစ်မှာ တိုက်ရိုက်ပျံသန်းခဲ့တယ်လို့သိရပြီး မြန်မာနိုင်ငံမှ ရေထွက်ကုန်များဖြစ်တဲ့ ငါး၊ ပုစွန်၊ ကဏန်း၊ ငါးရှဉ့်တို့ကို တင်ဆောင်ကာ တရုတ်နိုင်ငံ၊ စီချွမ်းပြည်နယ် ဈေးကွက် အတွင်းသို့ ပြန်လည်ဖြန့်ချိမည်ဖြစ်ကြောင်းလည်း သိရပါတယ်။ (NVS 004)

29 May

ADVERTISE HERE .