“ဟိုင်းကြီးကျွန်းမြို့ရှိ ငွေတောင်ကမ်းခြေသို့ ခရီးသွားဧည့်သည် ၃၇,၅၆၆ ဦးထိ လာရောက်လည်ပတ်ခဲ့”

28 May

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့ တင်းချောင်းကျေးရွာအနီးရှိ ငွေတောင်ကမ်းခြေသို့ ပြီးခဲ့တဲ့ ဧပြီလအတွင်းက ခရီးသွားဧည့်သည် ၃၇,၅၆၆ ဦးအထိ လာရောက်လည်ပတ်ခဲ့ကြောင်း ငပုတောမြို့နယ် ခရီးသွားလုပ်ငန်းအသင်းမှ သိရပါတယ်။ ငွေတောင်ကမ်းခြေကို ၂၀၂၅ ခုနှစ်၊ မတ်လက ခရီးသွားဧည့်သည် ၁၆,၁၅၅ ဦးသာ လာရောက်လည်ပတ်ခဲ့ပြီး ဧပြီလ ၁ ရက်မှ ၃၀ ရက်ထိ တစ်လတာကာလအတွင်းမှာ ခရီးသွားဧည့်သည် ၃၇,၅၆၆ ဦးအထိ လာရောက်လည် ပတ်ခဲ့ပါတယ်။ ငွေတောင်ကမ်းခြေကို ပြီးခဲ့တဲ့တစ်လအတွင်း လာရောက်လည်ပတ်အပန်းဖြေသည့် ခရီးသွားဧည့်သည်များတွင် ရန်ကုန်တိုင်းဒေသကြီးက အများဆုံးဖြစ်ပါတယ်။ ကမ်းခြေသို့လာရောက်အပန်းဖြေသည့် ခရီးသွားဧည့်သည်များအနေနဲ့ ခရီးစဉ်အဆင်ပြေစေရန်၊ သန့်ရှင်းမှုရရှိစေရန်၊ စနစ်တကျအနားယူနိုင်ရန်၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေး စတဲ့ လုပ်ငန်းများကို ခရီးသွားလုပ်ငန်းရှင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရပါတယ်။ (NVS-004)

28 May

ADVERTISE HERE .