“ဥရောပရွှေဖိနပ်ဆုရရှိတဲ့ တတိယမြောက် ရီးရဲလ်ကစားသမားအဖြစ် အမ်ဘာပေ မှတ်တမ်းဝင်”
28 May
ရီးရဲလ်အသင်းတိုက်စစ်မှူး အမ်ဘာပေ ဟာ ဥရောပရွှေဖိနပ်ဆုကို ရရှိခဲ့ကြောင်း သိရပါတယ်။ အမ်ဘာပေ ဟာ ဟူဂိုဆန်းချက်ဇ်၊ စီရော်နယ်လ်ဒို ပြီးတဲ့နောက် ဥရောပရွှေဖိနပ်ဆုရရှိတဲ့ တတိယမြောက် ရီးရဲလ်ကစားသမား ဖြစ်လာခဲ့ပါတယ်။ အမ်ဘာပေ ဟာ ရီးရဲလ်အသင်းအတွက် ပွဲဦးထွက်ရာသီမှာပင် ၃၁ ဂိုးသွင်း ယူပေးခဲ့တာကြောင့် ၂၀၂၄-၂၅ ရာသီအတွက် ဥရောပရွှေဖိနပ်ဆု ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပါတယ်။ အမ်ဘာပေ က ရာသီပိတ်ပွဲစဉ်မှာ သွင်းဂိုး နှစ်ဂိုးသွင်းယူခဲ့တာကြောင့် ရမှတ် ၆၂ မှတ်နဲ့ ထိပ်ဆုံးနေရာ ရောက်ရှိလာခြင်းဖြစ်ပြီး ပထမဆုံးအကြိမ် ဥရောပရွှေဖိနပ်ဆုကို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ စပို့တင်းအသင်း တိုက်စစ်မှူး ဂျိုကာရက်စ် က ၃၉ ဂိုးသွင်းယူနိုင်ပေမယ့် လိဂ်အဆင့်သတ်မှတ်ချက်အရ ဒုတိယဖြင့်သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ (NVS 008)
28 May