“မေလ ၃၀ ရက်တွင်ကျင်းပမည့် ONE Friday Fights 110 မှာ ယှဉ်ပြိုင်ထိုးသတ်မယ့် ထွန်းမင်းအောင်”

28 May

လာမည့်မေလ ၃၀ ရက်မှာကျင်းပမယ့် ONE Friday Fights 110 ပြိုင်ပွဲတွင် မြန်မာဖိုက်တာများဖြစ်တဲ့ ထွန်းမင်းအောင် နှင့် စူပါရေချမ်း တို့ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း သိရပါတယ်။ ONE Championship ရဲ့ ONE Friday Fights 110 ပြိုင်ပွဲကို လာမည့်မေလ ၃၀ ရက်မှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လုမ္မဏီအားကစားရုံမှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ အခုပြိုင်ပွဲမှာ တွဲဆိုင်း ၁၂ ဆိုင်း ပါဝင်မှာဖြစ်ပြီး ပွဲစဉ် ၄ မှာ မြန်မာဖိုက်တာ စူပါရေချမ်းနဲ့ ဂျပန်ဖိုက်တာ မူဂါ၊ ပွဲစဉ် ၉ မှာ ထွန်းမင်းအောင်နဲ့ ထိုင်းဖိုက်တာ ချတ်ပတ် တို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ဂျပန်ဖိုက်တာ မူဂါ အနေနဲ့ ONE Friday Fights တွင် ၃ ပွဲ ထိုးထားပြီး ၂ ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ထားပါတယ်။ ဂျပန်ဖိုက်တာ မူဂါ ဟာ မြန်မာဖိုက်တာ အဲမွီ ကို ရှုံးနိမ့်ထားပါတယ်။ စူပါရေချမ်း က အသက် ၂၀ နှစ်၊ အရပ် ၅ ပေ ၄ လက်မရှိသူဖြစ်ပြီး ONE Friday Fights တွင် ၃ ပွဲ ထိုးထားပြီး တစ်ပွဲနိုင်၊ နှစ်ပွဲရှုံးနိမ့်ထားပါတယ်။ ထွန်းမင်းအောင် က အသက် ၁၈ နှစ်၊ အရပ် ၅ ပေ ၁၁ လက်မရှိသူ လူငယ်ဖိုက်တာတစ်ဦးဖြစ်ပြီး ONE Friday Fights တွင် ၃ ပွဲ ထိုးထားပြီး တစ်ပွဲနိုင်၊ နှစ်ပွဲရှုံးနိမ့်ထားပါတယ်။ ထွန်းမင်းအောင် က ယခုပွဲယှဉ်ပြိုင်ရန် ပြီးခဲ့တဲ့မေလ ၂၅ ရက်က ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ မြန်မာ- ထိုင်း ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲမှ နုတ်ထွက်ထားခြင်းဖြစ်ပါတယ်။ (NVS 008)

28 May

ADVERTISE HERE .