“ယာမယ်ကို သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့တဲ့ ဘာစီလိုနာအသင်း”
28 May
ဘာစီလိုနာအသင်းက ကြယ်ပွင့်တိုက်စစ်ကစားသမား ယာမယ် ကို ခြောက်နှစ်သက်တမ်းရှိ စာချုပ်သစ် ချုပ်ဆိုခဲ့ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။ အသက် ၁၇ ခုနှစ်အရွယ်သာရှိသေးတဲ့ ယာမယ် နဲ့ ဘာစီလိုနာအသင်းတို့ရဲ့ မူလစာချုပ်က ၂၀၂၅-၂၆ ရာသီအပြီးမှာ သက်တမ်းကုန်ဆုံးမှာဖြစ်လို့ ဘာစီလိုနာအသင်းက ၂၀၃၁ ခုနှစ် ဇွန်လအထိ သက်တမ်းရှိတဲ့ စာချုပ်သစ် တစ်ခုကို သက်တမ်းတိုးချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ ယာမယ် ဟာ ဘာစီလိုနာအသင်းမှာ ခြေစွမ်းကောင်းတွေ ပြသနေသလို အသင်းရဲ့ အဓိကကစားသမားတစ်ဦး ဖြစ်တာကြောင့် အခုလိုသက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ (NVS 008)
28 May