“ရေပြင်ကယ်ဆယ်ရေးသင်တန်း မြို့ပေါင်း ၈ မြို့မှ ကယ်ဆယ်ရေးသမား ၄၀ ဦး တက်ရောက်သင်ကြားနေ”
28 May
မန္တလေးတိုင်းဒေသကြီး မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့က ကြီးကြပ်ဖွင့်လှစ်သင်ကြားပေးနေတဲ့ Speed Boat အသုံးပြုရေပြင်ကယ်ဆယ်ရေးသင်တန်းကို မြို့ပေါင်း ၈ မြို့မှ ကယ်ဆယ်ရေးသမား ၄၀ ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရပါတယ်။ အဆိုပါ သင်တန်းကို မေလ ၂၅ ရက်မှ မေလ ၃၀ ရက်အထိ ၆ ရက်ကြာ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ သင်တန်းသို့ မန္တလေးတိုင်းဒေသကြီးရုံးမှ သင်တန်းသားများသာမက မန္တလေး၊ ရန်ကုန်၊ တောင်ငူ၊ ရွာငံ၊ မုံရွာ၊ မိတ္ထီလာ၊ဝမ်းတွင်းနှင့် မြစ်ကြီးနားမြို့တို့ရှိ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များ တက်ရောက်သင်ကြားနေကြပါတယ်။ မြန်မာနိုင်ငံအတွင်း ရေကြီးရေလျှံဖြစ်စဉ်များ၌ Speed Boat အသုံးပြုရေပြင်ရှာဖွေကယ်ဆယ်ရေးများ လုပ်ဆောင် နိုင်ရန် သင်ကြားပို့ချနေခြင်းဖြစ်ကာ စာတွေ့လက်တွေ့သင်ခန်းစာများကို သင်ကြားပေးလျက်ရှိပြီး သင်တန်း အပတ်စဉ်(၁) ဖြစ်တယ်လို့ မန္တလေးတိုင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ကနေ သိရပါတယ်။ (NVS 004)