“ရုရှားက ယူကရိန်းမှ အသေခံဒရုန်းအစင်းရေ ၁၅ဝ ကျော်ကို တစ်ရက်အတွင်းပစ်ချခဲ့ဟုဆို”
27 May
ရုရှားနိုင်ငံ၏လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့သည် ပြီးခဲ့သည့် တစ်ရက်တာကာလအတွင်း ယူကရိန်းမှ လာရောက်တိုက်ခိုက်သည့် အသေခံဒရုန်းအစင်းရေ ၁၅၀ ကျော်ကို ပစ်ချခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန က မေလ ၂၆ ရက်တွင် ထုတ်ပြန်ထားသည်။ မေလ ၂၅ ရက် နံနက် ၁၀ နာရီမှ မေလ၂၆ ရက် နံနက် ၈ နာရီအထိ ဒရုန်းအစင်းရေ ၁၄၈ စင်းကိုပစ်ချနိုင်ကာ ယင်းနောက်ပိုင်းတွင် ဒရုန်းငါးစင်းကိုထပ်မံပစ်ချနိုင်ခြင်း ဖြစ် ကြောင်း ဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။ ယူကရိန်းနိုင်ငံသည် ရုရှားအပေါ် ဒရုန်း ဖြင့် တိုက်ခိုက်မှုများကို ပိုမိုတိုးမြှင့်လုပ်ဆောင်လာသည့်အပြင် ယခင်ကညပိုင်းမှ လုပ်ဆောင်သည့်တိုက်ခိုက်မှုများ ကိုလည်း နေ့ပိုင်းတွင်ပြောင်းလဲလုပ်ဆောင်လာနေကြောင်း၊ ယခုတိုက်ခိုက်မှုများကြောင့် မေလ ၂၅ ရက်တွင် ရုရှား နိုင်ငံ တူလာဒေသရှိ ဘုရားရှိခိုးကျောင်းတစ်ခု၏အမိုးကို ထိမှန်ပြီး မီးလောင်မှုဖြစ်ပွားရကြောင်း မျက်မြင်တွေ့ရှိသူ များနှင့် တာဝန်ရှိသူများက ပြောသည်။ ပြီးခဲ့သည့်သီတင်းပတ်တွင် ရုရှားနိုင်ငံနှင့်ပေါင်းစည်းလာသည့် ခု(စ်)ဒေသသို့ ရုရှားသမ္မတဗလာဒီမာပူတင် သွားရောက်စဉ် ၎င်းစီးနင်းလာသောရဟတ်ယာဉ်ကို ယူကရိန်းဘက် က ဒရုန်းများဖြင့်ပစ်မှတ်ထား တိုက်ခိုက်ရန် လုပ်ဆောင်မှုအပြီးတွင် ရုရှားက ယူကရိန်းနိုင်ငံအတွင်းရှိ ဒရုန်းတပ်ဆင်ထုတ်လုပ်ရေးစက်ရုံအပါအဝင် စစ်ရေး ပစ်မှတ် အများအပြားကို တာဝေးတိုက်ခိုက်မှုများ လုပ်ဆောင်ထားသည်။ ယူကရိန်းဘက် က ထိုကဲ့သို့တိုက်ခိုက်မှု များ လုပ်ဆောင်လာခြင်းသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဖျက်လိုဖျက်ဆီးလုပ်ဆောင်ခြင်းဖြစ်ကြောင်း ရုရှား က ပြောကြားသည်ဟု RT သတင်းဌာန ဖော်ပြချက်အရ သိရသည်။