“ဘီးလင်း-နတ်ကြီးသွား ကားလမ်းမပေါ်ရှိ တံတားတစ်စင်း မိုင်းခွဲဖျက်စီးခံရ”

27 May

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဘီးလင်း-နတ်ကြီးသွားကားလမ်းပေါ်ရှိ အရှည်ပေ ၈၀ ရှိသော တံတား တစ်စင်းကို လက်နက်ကိုင်အဖွဲ့ဝင်များမှ မေလ ၂၆ ရက်နံနက်ပိုင်းက မိုင်းခွဲဖျက်စီးခဲ့ကြကြောင်း သိရပါတယ်။ လက်နက်ကိုင်အဖွဲ့များက ဘီးလင်းမြို့နယ်၊ တညင်ပင်ကျေးရွာရဲ့ အနောက်ဘက်မီတာ ၃၀၀ ခန့်အကွာ ဘီးလင်း-နတ်ကြီးသွားကားလမ်းရဲ့ မိုင်တိုင်အမှတ် ၁၆/၂ နှင့် ၁၆/၃ ကြား အရှည် ၈၀ ပေ၊ အကျယ် ၂၄ ပေရှိ သံကူ ကွန်ကရစ်အမျိုးအစားဖြစ်သော တံတားအမှတ်(၃/၁၇)ကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။ မိုင်းပေါက်ကွဲမှုကြောင့် တံတားရဲ့တောင်ဘက်ကမ်းကပ်ခုံမှာ ပြိုကျပျက်စီးခဲ့ပြီး လူနှင့်မော်တော်ယာဉ်များ ဖြတ်သန်းသွားလာ၍မရတာကြောင့် တာဝန်ရှိသူများက ပြန်လည်ပြုပြင်များကို ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ ထို့ပြင်လုံခြုံရေးအဖွဲ့ဝင်များမှလည်း ပြစ်မှုကျူးလွန်သူများကို ထိရောက်စွာအရေးယူနိုင်ရေးနှင့် လုံခြုံရေးလုပ်ငန်း များကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ ရန်ကုန် – မော်လမြိုင် ရထားလမ်းပိုင်းရှိ သထုံမြို့နယ်၊ ကလိကျွန်းကျေးရွာအနီး၊ ရထားမိုင်တိုင်အမှတ် (၁၂၄/၃) အနီးမှာ ပြီးခဲ့တဲ့ မေလ ၂၅ ရက်က ကျောက်ရထားမိုင်းခွဲခံရပေမယ့် ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ် ရပ်ထားရပြီး ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်ကာ မေလ ၂၉ ရက်မှာ ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

27 May

ADVERTISE HERE .