“MPT က “နှစ်သစ်မင်္ဂလာသိန်းထောင့်ငါးရာ” ကံစမ်းမဲအစီအစဉ်ကို ထပ်မံသက်တမ်းတိုး”
27 May
မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးနှင့်ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT က “နှစ်သစ်မင်္ဂလာ သိန်းထောင့်ငါးရာ” ကံစမ်းမဲအစီအစဉ်ကို ၂၀၂၅ ခုနှစ်၊ မတ်လ ၁၁ ရက်မှ မေလ ၃၁ ရက်အထိ ဆောင်ရွက်ပေးလျက် ရှိပါတယ်။ သုံးစွဲသူများရဲ့ ကောင်းမွန်သော တုံ့ပြန်မှုများနှင့် စိတ်ကျေနပ်မှုများကြောင့် MPT က TikTok Dance Challenge နှင့်အတူ “နှစ်သစ်မင်္ဂလာ သိန်းထောင့်ငါးရာ” ကံစမ်းမဲအစီအစဉ်ကို ဇူလိုင်လ ၃၁ ရက်အထိ ၂ လ ထပ်မံ သက်တမ်းတိုးလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ MPT မှ မတ်လ ၁၁ ရက်မှ မေလ ၁၉ ရက်အထိ ၁၀ ပတ်တာကာလအတွင်း အပတ်စဉ်ဆုများဖြစ်တဲ့ ပြန်အမ်းငွေလက်ဆောင် ၁၀၀,၀၀၀ ကျပ်နှင့် 100 GB ဒေတာဆု ကံထူးရှင်စုစုပေါင်း ၂၀၀ ဦးကို ရွေးချယ်ခဲ့ပြီး ဆုရရှိသူများကို MPT ၏ ဆိုရှယ်မီဒီယာများတွင် ကြေညာခဲ့ပြီး ဖြစ်ပါတယ်။ ထပ်မံ၍ MPTမှ အထူးဆုငွေသား ကျပ်သိန်း ၁,၀၀၀ ဆု တစ်ဆုနှင့် သိန်း ၁၀၀ ဆု ငါးဆု ပါဝင်တဲ့ စုစုပေါင်း ငွေသားဆုကျပ်သိန်း ၁,၅၀၀ ကို သြဂုတ်လမှာ တိုက်ရိုက်ထုတ်လွှင့်ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ အဆိုပါ အစီအစဉ်က အပတ်စဉ်ဆုများကိုလည်း ပေးအပ်သွားမည်ဖြစ်ပြီး သုံးစွဲသူများက မည်သည့်နည်းလမ်းဖြင့်မဆို ကြိုက်နှစ်သက်ရာပက်ကေ့ချ် (စာတို၊ ဖုန်းခေါ်ဆိုမှု၊ ဒေတာ၊ ထပ်ဆောင်းဝန်ဆောင်မှုများ အစရှိသည်)တို့ကို လွယ်ကူစွာဝယ်ယူပြီး ကံထူးဆုများကို ရရှိနိုင်မှာဖြစ်ပါတယ်။ သက်တမ်းထပ်တိုးလိုက်တဲ့ “နှစ်သစ်မင်္ဂလာသိန်းထောင့်ငါးရာ” ကံစမ်းမဲအစီအစဉ်နှင့်အတူ အကဝါသနာရှင် များအနေဖြင့် မေလ ၂၆ ရက်မှ ဇူလိုင်လ ၃၁ ရက်အတွင်း “တူတူကပါ TikTok မှာ နှစ်သစ်မင်္ဂလာ သိန်းထောင့်ငါးရာ” အစီအစဉ်တွင် ပါဝင်ကာ ငွေသားဆုများနှင့် တယ်လီကွန်းဆုများကိုလည်း ထပ်မံကံထူးနိုင်ပါတယ်။ ကံထူးဆုများအနေနဲ့ Best Engagement Prize ဆု ၂ ဆုအတွက် တစ်ဦးလျှင် ၅၀၀,၀၀၀ ကျပ် (ဇွန်လအတွက် ၁ ဆုနှင့် ဇူလိုင်လအတွက် ၁ ဆု)၊ Best Dance Contribution Reward ဆု ၃၀ ဆုအတွက် တစ်ဦးလျှင် ၅၀,၀၀၀ ကျပ် (ဇွန်လအတွက် ၁၅ ဆု နှင့် ဇူလိုင်လအတွက် ၁၅ ဆု)၊ Follower Supporting Reward ဆုအတွက် ၁၀,၀၀၀ ကျပ်တန် MPT ငွေဖြည့်ကတ် (အပတ်စဉ်တိုင်းအတွက် ၁၀ ဆု) တို့ ဖြစ်ပါတယ်။ “တူတူကပါ TikTokမှာ နှစ်သစ်မင်္ဂလာသိန်းထောင့်ငါးရာ” အစီအစဉ်နှင့်ပတ်သက်တဲ့ စည်းကမ်းသတ်မှတ် ချက်များကို https://bit.ly/MPT1500Dance မှာ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်။ ငွေသားဆုလက်ဆောင် ကံထူးရှင်များအနေနဲ့ဆုများ ထုတ်ယူနိုင်ရန်အတွက် တိုက်ရိုက်ဆက်သွယ်ပေးသွားမှာဖြစ်ပြီး တယ်လီကွန်းဆု ကံထူးသူများကိုလည်း ၎င်းတို့၏အကောင့်ထဲသို့ တိုက်ရိုက်ထည့်သွင်းပေးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)