“ကမ္ဘောဇအာမခံလုပ်ငန်းက ငလျင်သင့်ဒေသပြန်လည်ထူထောင်ရေးအတွက် ကျပ်သိန်းပေါင်း ၁၀,၀၀၀ ကျော် လျော်ကြေးပေးအပ်ပြီးဖြစ်”
27 May
ကမ္ဘောဇအာမခံလုပ်ငန်းက ငလျင်သင့်ဒေသပြန်လည်ထူထောင်ရေးအတွက် မေလ ၂၂ ရက်အထိ ကျပ်သိန်းပေါင်း ၁၂,၃၈၀ ကျော်ကို အာမခံလျော်ကြေးငွေ ဝန်ဆောင်မှုအဖြစ် ပေးအပ်ပြီးဖြစ်ကြောင်း သိရပါတယ်။ KBZMS အနေနဲ့ မြေငလျင်သက်ရောက်မှုရှိခဲ့တဲ့ ဧရိယာများမှ Customer များကို ပြန်လည်ထူထောင်ရေးများ အမြန်ဆုံးပြုလုပ်ဆောင်ရွက်နိုင်ရန် လျော်ကြေးဝန်ဆောင်မှုများ အလျင်အမြန်ရရှိစေရေးအတွက် ဆောင်ရွက်လျက် ရှိကြောင်း အသိပေးထားပါတယ်။ ဒါ့အပြင်အာမခံအကျိုးခံစားခွင့်များ အပြည့်အဝရရှိစေရေးအတွက် အလိုအလျောက် သက်တမ်းတိုးခြင်းများကို စာနာမှုအပြည့်အဝနဲ့ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။ ကမ္ဘောဇအထွေထွေအာမခံလုပ်ငန်းက ကမ္ဘောဇစီးပွားရေးလုပ်ငန်းစုများအတွင်းရှိ လုပ်ငန်းတစ်ခုဖြစ်ပြီး၊ ငလျင်ဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ကျပ် ၁၅ ဘီလီယံ မတည်ဆောင်ရွက်ပေးနေခြင်း ဖြစ်ပါတယ်။(NVS 004)