“ငလျင်ကြောင့် ပျက်စီးသွားသည့် မီတာများကို စစ်ကိုင်းမြို့တွင် အခမဲ့ပြန်လည်တပ်ဆင်ပေးသွားမည်”
27 May
မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားတဲ့ စစ်ကိုင်းမြို့မှ မီတာများအား စာရင်းကောက်ယူထားပြီး လုံးဝပျက်စီးသွားတဲ့ မီတာများကို အခမဲ့ပြန်လည်တပ်ဆင်ပေးသွားမယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ သိရပါတယ်။ ပြန်လည်တပ်ဆင်တဲ့နေရာမှာလည်း မည်သည့်ဒဏ်ကြေးမှ ကောက်ခံတာမရှိဘဲ အစအဆုံးပြန်လည် တပ်ဆင်ပေးသွားမှာဖြစ်ပြီး အိမ်ရှင်အပြစ်မဟုတ်ဘဲ သဘာဝဘေးကြောင့် မည်သည့်အခကြေးငွေမှ ပေးစရာ မလိုကြောင်း၊ အချို့အိမ်နှင့်အဆောက်အဦများ ပြိုကျခဲ့ရတဲ့ နေရာမှမီတာများကို ဒေသခံပြည်သူများမှ လျှပ်စစ်ရုံး များသို့ လာရောက်အပ်နှံထားတာမျိုးရှိပြီး မီးသုံးစွဲမှု မရှိခြင်းကြောင့် ပျက်စီးသွားတဲ့ မီတာတွေကို ဒဏ်ကြေးများ၊ မီတာခများကောက်ခံခြင်းများမရှိရန် Demand ပိတ်ထားခြင်းများလည်း ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ မီတာပျက်စီးသွားတဲ့ အိမ်များနှင့်ရုံးဌာနများအနေနဲ့ အဆောက်အဦများ ပြန်လည်ပြုပြင်တည်ဆောက်ပြီးချိန် မှာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းလုပ်ငန်းကို အကြောင်းကြားပါက မူလအသုံးပြုခဲ့တဲ့ မီတာများကို ပြန်လည် တပ်ဆင်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။(NVS 004)