“ဥမ္မာဒန္တီအပန်းဖြေကမ်းခြေသို့ ဧပြီလအတွင်း ခရီးသွားဧည့်သည် ၆၆,၇၇၅ ဦးထိ လာရောက်လည်ပတ်ခဲ့”
26 May
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ရှိ ဥမ္မာဒန္တီအပန်းဖြေကမ်းခြေသို့ ဧပြီလအတွင်း ခရီးသွား ဧည့်သည် ၆၆,၇၇၅ ဦးအထိ လာရောက်လည်ပတ်အပန်းဖြေခဲ့ကြောင်း ဓနုဖြူမြို့နယ် ခရီးသွားလုပ်ငန်းအသင်းမှတစ်ဆင့် သိရပါတယ်။ ဓနုဖြူမြို့နယ်ရှိ ဥမ္မာဒန္တီအပန်းဖြေကမ်းခြေသို့ မတ်လအတွင်းက ခရီးသွားဧည့်သည် ၂၁,၇၄၅ ဦးသာ လာရောက် လည်ပတ်ခဲ့ပြီး ဧပြီလ ၁ ရက်မှ ၃၀ ရက်အထိ တစ်လတာကာလအတွင်း ခရီးသွားဧည့်သည် ၆၆,၇၇၅ ဦးအထိ လာရောက် လည်ပတ် အပန်းဖြေခဲ့ပါတယ်။ ဥမ္မာဒန္တီအပန်းဖြေကမ်းခြေသို့ လာရောက်လည်ပတ်လျက်ရှိတဲ့ ခရီးသွားဧည့်သည်များအတွက် လုံခြုံရေး၊ စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန အဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဥမ္မာဒန္တီကမ်းခြေကို ၂၀၁၁ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး လက်ရှိတွင် ကမ်းခြေ၌ စားသောက်ဆိုင်များဖြင့် ဒေသထွက် အစားအစာအမျိုးမျိုး၊ အမှတ်တရလက်ဆောင်ပစ္စည်းအမျိုးမျိုး၊ လူသုံးကုန်ပစ္စည်းအမျိုးမျိုး၊ အဝတ်အထည်အမျိုးမျိုး တို့ကို ဆိုင်ခန်းများဖြင့် ဖွင့်လှစ်ရောင်းချပေးလျက်ရှိကြောင်းသိရပါတယ်။ (NVS-004)