“ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ငန်းလိုင်စင်လျှောက်ထားသည့် ရွှေဆိုင် ၁,၅၀၀ အထိရှိလာ”

26 May

ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ငန်းလိုင်စင်လျှောက်ထားသည့် ရွှေဆိုင် ၁,၅၀၀ အထိရှိလာပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။ လုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် မူလသတ်မှတ်ထားသည့် နောက်ဆုံးလျှောက်ထားရမည့် ရက်သတ်မှတ် ချက်ကိုလည်း ဖြေလျှော့ပေးထားပြီး ထပ်မံလျှောက်ထားခွင့်ပေးလျက်ရှိပါတယ်။ ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်သည့် ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်သူများအနေဖြင့် လုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် လုပ်ငန်းပမာဏ၏ ၂၅ ရာခိုင်နှုန်း နှင့် ညီမျှသည့် ငွေကြေးပမာဏကို ဘဏ်တွင်အပ်နှံထားသောအထောက်အထား (Bank Statement)တင်ပြရမှာဖြစ်ပြီး အရောင်းအဝယ်ပမာဏကို ရွှေအချိန်နှင့် ဖော်ပြပေးရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း သို့မဟုတ် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း၏ အဖွဲ့ဝင် ဖြစ်ကြောင်းထောက်ခံချက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဦးစီးမှူး၏ ရွှေဆိုင်အတွက် လိုင်စင် လျှောက်ထား ခြင်းကို ကန့်ကွက်မှုမရှိကြောင်း ထောက်ခံချက်နှင့် ရဲတပ်ဖွဲ့၏ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်များကိုပါ ပူးတွဲ တင်ပြရမှာဖြစ်ပါတယ်။ ဒါ့အပြင် အခွန်ဆောင်ထားသည့် သက်ဆိုင်ရာပြည်တွင်းအခွန်များဦးစီးဌာန၏ အခွန်ကင်းရှင်း ကြောင်းထောက်ခံချက်နှင့် စည်ပင်သာယာရေးကော်မတီမှ ထုတ်ပေးထားတဲ့ လုပ်ငန်းလိုင်စင်ရှိပါကလည်း ပူးတွဲတင်ပြ ရမယ်လို့ သိရပါတယ်။ ရွှေဆိုင်များအနေဖြင့် မြေပြင်တွင်လည်း ရွှေရောင်းဝယ်ခြင်းလုပ်ကိုင်ဆောင်ရွက်ရန်အတွက် လုပ်ငန်းလိုင်စင် လျှောက်ထားရယူရန်နှင့် သတ်မှတ်ထားသည့်စည်းကမ်းချက်များကို လိုက်နာခြင်းမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေနှင့်အညီ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာနမှ အသိပေးကြေညာထားကာ အွန်လိုင်း၌ ရောင်းချပါကလည်း အွန်လိုင်းလိုင်စင်လျှောက်ထားရန် အသိပေးထား ပါတယ်။ (NVS-004)

26 May

ADVERTISE HERE .