“ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုရန် လိုအပ်သောပစ္စည်းများအား တရုတ်နိုင်ငံမှ (၁၅)ကြိမ်မြောက် လှူဒါန်း”

26 May

မန္တလေးမြေငလျင်ကြီးကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုရန် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ (၁၅)ကြိမ်မြောက်အဖြစ် လှူဒါန်းတဲ့အောက်တိန်း(92) ၂,၉၄၀ ဒသမ ၀၅၅ တန်ချိန်နှင့် ဒီဇယ် ၁၁,၉၃၀ ဒသမ ၅၀၅ တန်ချိန်အား တင်ဆောင်လာသော MT YU DONG သင်္ဘောသည် မေလ၂၃ ရက် နံနက် ၂ နာရီခွဲက သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် BRIGHTER ENERGY ဆီလှောင်ဆိပ်ကမ်းသို့ ရောက်ရှိခဲ့သလို Modular (prefabricated) house အလုံး ၁,၁၂၀ ၊ Offices အလုံး ၁၆၀ တင်ဆောင်လာသော MV.Orient Glory သင်္ဘောသည် မေလ ၂၅ ရက်၊ ညနေ ၄ နာရီက သီလဝါ(MITT) ဆိပ်ကမ်းသို့ အသီးသီးရောက်ရှိခဲ့ကြကြောင်း သိရပါတယ်။ BRIGHTER ENERGY ဆီလှောင်ဆိပ်ကမ်းသို့ ရောက်ရှိလာတဲ့ အောက်တိန်း(92) ၂,၉၄၀ ဒသမ ၀၅၅ တန်ချိန်၊ ဒီဇယ် ၁၁,၉၃၀ ဒသမ ၅၀၅ တန်ချိန်နှင့် သီလဝါ(MITT)ဆိပ်ကမ်းသို့ ရောက်ရှိလာသည့် Modular (prefabricated) house အလုံး ၁,၁၂၀ နှင့် Offices အလုံး ၁၆၀ တို့ကို မေလ ၂၅ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံရုံးမှ စီးပွားရေးသံမှူး Mr. Ouyang Daobing က ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် တာဝန်ရှိသူများထံလွှဲပြောင်းပေးအပ်ခဲ့ပြီး ရောက်ရှိလာသည့် အောက်တိန်းနှင့် ဒီဇယ်များကို ငလျင်ဘေးသင့်ဒေသများသို့ စွမ်းအင်ဝန်ကြီးဌာနမှ ဆက်လက်ပို့ဆောင်ပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။ (NVS-004)

26 May

ADVERTISE HERE .