ကုန်ဈေးနှုန်းသတင်း ၂၆.၅.၂၀၂၅
26 May
မေလ ၂၆ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲနဲ့ ပဲစဉ်းငုံနီဈေးတွေ ဆက်တိုက်ကျဆင်းနေသလို စားတော်ပဲဈေးလည်း အနည်းငယ် ကျဆင်းလာပါတယ်။ ပဲအများစု၊ ကြက်သွန်ဖြူ၊ ထန်းလျက်နဲ့ သကြားဈေးတွေ ဈေးငြိမ်နေပေမယ့် ကြက်သွန်နီဈေးကတော့ အနည်းငယ် တက်လာပါ တယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၉၇,၀၇၁ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၁၀၇,၁၉၆ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၄,၉၅၅ ကျပ်ကနေ ၄,၉၉၅ ကျပ်၊ ပဲစင်းငုံနီ တစ်တင်းကို ၉၂,၃၄၆ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၆,၆၆၅ ကျပ်ကနေ ၇,၅၂၀ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာကို ၄,၀၀၀ ကျပ်ကနေ ၅,၀၀၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၈၈၀ ကျပ်ကနေ ၄,၂၅၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၄,၀၈၅ ကျပ်ကနေ ၄,၉၆၀ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၄,၈၂၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၃,၇၅၀ ကျပ်ကနေ ၄,၀၀၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၈,၀၀၀ ကျပ်ကနေ ၉,၁၇၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၆၈၀ ကျပ်ကနေ ၁,၇၀၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၆,၀၅၀ ကျပ်ကနေ ၆,၇၀၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်းပေါ်(ဆီတိုး/ အထွက်တိုး) တစ်ပိဿာကို ၆,၀၀၀ ကျပ်ကနေ ၆,၂၅၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၇၀၀ ကျပ်ကနေ ၂,၃၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာကို ၆,၀၀၀ ကျပ်ကနေ ၁၀,၀၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၅,၀၀၀ ကျပ်ကနေ ၇,၅၀၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာကို ၅,၄၀၀ ကျပ်ကနေ ၇,၅၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၄,၉၅၀ ကျပ်ကနေ ၅,၁၀၀ ကျပ်၊ အာလူး တစ်ပိဿာကို ၂,၅၀၀ ကျပ်ကနေ ၃,၁၀၀ ကျပ်၊ ပုစွန်ခြောက်(မြိတ်ပုစွန်) တစ်ပိဿာကို ၉၀,၀၀၀ ကျပ်ကနေ ၁၂၀,၀၀၀ ကျပ်၊ ငါးမြွေထိုး တစ်ပိဿာကို ၄၀,၀၀၀ ကျပ်၊ ငါးရံ့ခြောက် တစ်ပိဿာကို ၅၅,၀၀၀ ကျပ်ကနေ ၈၅,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၁,၆၁၃ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက် ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၄၅၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၄၆၅ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၂,၈၇၀ ကျပ်၊ မန္တလေးမှာ ၂,၉၈၅ ကျပ်၊ နေပြည်တော်မှာ ၂,၉၅၀ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၂,၉၂၅ ကျပ်၊ မန္တလေးမှာ ၃,၀၄၀ ကျပ်၊ နေပြည်တော်မှာ ၃,၀၀၅ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၄၄၀ ကျပ်၊ မန္တလေးမှာ ၂,၅၅၅ ကျပ်၊ နေပြည်တော်မှာ ၂,၅၂၀ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၃,၀၁၅ ကျပ်၊ မန္တလေးမှာ ၃၁၃၀, ကျပ်၊ နေပြည်တော်မှာ ၃,၀၉၅ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၅,၇၆၀,၀၀၀/-) ငါးဆယ် ခုနစ်သိန်း ခြောက်သောင်းကျပ် ရှိပြီး ပြင်ပပေါက် ဈေးမှာ ကျပ်သိန်း (၇,၆၈၀,၀၀၀ိ/-) ခုနစ်ဆယ် ခြောက်သိန်း ရှစ်သောင်းကျပ် ရှိနေတယ်လို့ သိရပါတယ်။