“တရုတ်၏ အဆင့်မြင့်လေယာဉ်တင်သင်္ဘော ရှစ်ကြိမ်မြောက် ပင်လယ်ပြင်စမ်းသပ်”

26 May

တရုတ်နိုင်ငံ၏အဆင့်အမြင့်ဆုံးသော ပြည်တွင်းဖြစ်လေယာဉ်တင်သင်္ဘောဖြစ်သည့် ဖူကျန်း က ပြင်းထန် သော ပင်လယ်ပြင်အတွင်း လက်တွေ့စမ်းသပ်မှုကို ရှစ်ကြိမ်မြောက်အဖြစ်လုပ်ဆောင်ကြောင်း ပြည်တွင်း သတင်း ဌာနများက ဖော်ပြထားသည်။ အဆိုပါလက်တွေ့စမ်းသပ်မှုအတွင်း ထိုလေယာဉ်တင်သင်္ဘောနှင့်တွဲဖက် တိုက်ပွဲ ဝင်မည့် ပဉ္စမမျိုးဆက် J-35 တိုက်လေယာဉ်များအနေဖြင့် လေယာဉ်တင်သင်္ဘောမှပျံတက်ခြင်းနှင့် ဆင်းသက်ခြင်း များကို အဆင်ပြေစွာလုပ်ဆောင်နိုင်ခြင်းရှိ၊ မရှိစမ်းသပ်မှုများကိုလည်းလုပ်ဆောင်သည် ဟု CCTV သတင်းဌာန က ဖော်ပြထားသည်။ ဖူကျန်းလေယာဉ်တင်သင်္ဘောသည် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ တတိယမြောက် လေယာဉ်တင်သင်္ဘောဖြစ်ပြီး ၎င်းတွင်ပထမဆုံးသော အဆင့်မြင့်လျှပ်စစ်သံလိုက်စနစ်သုံး လေယာဉ်ပစ်လွှတ် စနစ်ကို အသုံးပြုထားခြင်း ဖြစ်သည်။ ထိုလေယာဉ်တင်သင်္ဘောသည် ကမ်းလွန်ကာကွယ်ရေးလုပ်ငန်းများတွင် ရေတပ်၏စွမ်းဆောင်ရည်များကို အမြင့်ဆုံး ရောက်ရှိစေမည်ဖြစ်ကြောင်း SCMP သတင်းဌာန ကပြောထားသည်။

26 May

ADVERTISE HERE .