“မယ်ဆိုင်ချောင်းရေ ပြန်လည်ကျဆင်းနေပေမယ့် စောင့်ကြည့်နေရသေး”

26 May

မေလ ၂၅ ရက် နံနက်ပိုင်းအချိန်မှာ မယ်ဆိုင်ချောင်းရေဟာ ၂၄၀ စင်တီမီတာသို့ ရောက်ရှိနေကာ ပြန်လည် ကျဆင်းနေသည်ဆိုသော်လည်း ချောင်းရေအတက်အကျကို စောင့်ကြည့်နေရတယ်လို့ သိရပါတယ်။ မေလ ၂၄ ရက်ညပိုင်းက မယ်ဆိုင်ချောင်းရေမှတ်မှာ ၃၁၆ စင်တီမီတာသို့ ရောက်ရှိနေရာမှ ပြန်လည်ကျဆင်း ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ အသိပေးထုတ်ပြန်ချက်အရ မယ်ဆိုင်ချောင်းရေမှာ တာချီလိတ်0မြို့ရဲ့ စိုးရိမ်ရေမှတ် ၁ ပေကျော်မှာ ရောက်ရှိနေခဲ့ပြီး မေလ ၂၅ ရက်မှာ ၃ ပေခန့်အထိ မြင့်တက်လာနိုင်ကာ စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက်တည်ရှိနိုင်တယ်လို့ မေလ ၂၄ ရက်က အသိပေးထားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် မယ်ဆိုင်ချောင်းအနီးနေထိုင်သူများနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ သတိပြုနေထိုင်ကြရန် နှိုးဆော် ထားပါတယ်။ ပြီးခဲ့တဲ့နှစ်က တာချီလိတ်မြို့မှာ ချောင်းရေမြင့်တက်ခြင်း၊ မြေပြိုကျမှုများဖြစ်ပွားခဲ့ရာ လူ‌သေဆုံးမှုများ ရှိခဲ့တယ်လို့ သိရပါတယ်။ (NVS-004)

26 May

ADVERTISE HERE .