“ကောင်းမှုတော်‌စေတီတော် အပျက်အစီးများ စစ်ဆေးနိုင်ရန် ဆောင်ရွက်နေ”

26 May

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုရှိခဲ့သည့် စစ်ကိုင်းမြို့၊ ရာဇာမဏိစူဠာ ကောင်းမှုတော်‌ စေတီတော်ကြီးကို စစ်ဆေးမှုများ လုပ်ဆောင်နိုင်ရန် စတင်စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ စေတီတော်ကြီးသည် ငလျင်ကြောင့် စိန်ဖူးတော် ထိခိုက်မှုရှိခဲ့သော်လည်း မြေခမှုမရှိဘဲ စေတီတော်ပရဝုဏ် အတွင်းရှိ သာသနိကအဆောက်အအုံတချို့ ထိခိုက်ပြိုကျပျက်စီးခဲ့ရပါတယ်။ ဒါ့အပြင်စေတီတော်ကြီး၏ ကိုယ်ထည်၌ အက်ကွဲခြင်း၊ ဆေးကွာများရှိသည့်အတွက် ပညာရှင်များကိုယ်တိုင်တက်ရောက်ကာ စစ်ဆေးနိုင်ရန် သီတဂူ ဆရာတော်ကြီး၏ လမ်းညွှန်မိန့်ကြားချက်ဖြင့် ငြမ်းဆင်နေခြင်း ဖြစ်ကြောင်းလည်း သိရပါတယ်။ လက်ရှိမှာ စေတီတော်ပရဝုဏ်အတွင်းရှိ အခြားပြိုကျပျက်စီးခဲ့သည့် သာသနိက အဆောက်အအုံများကို ဖယ်ရှားရှင်းလင်းပြီးဖြစ်ကြောင်းလည်း သိရပါတယ်။ (NVS-004)

26 May

ADVERTISE HERE .