“စည်သွတ်စက်ရုံ(မန္တလေး) မှ အမဲသားပိဿာချိန် ၁ သိန်း ၂ သောင်းကျော် တင်သွင်းရန် တင်ဒါခေါ်ယူ”

26 May

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ စည်သွတ်စက်ရုံ(မန္တလေး)အတွက် အမဲသား ကုန်ကြမ်းများကို တင်သွင်းရန် အိတ်ပိတ်တင်ဒါခေါ်ယူနေကြောင်း အဆိုပါ စက်ရုံမှ သိရပါတယ်။ စည်သွတ်စက်ရုံ(မန္တလေး)အနေဖြင့် ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အမဲသားစည်သွတ်ဘူး ထုတ်လုပ်ရန် လိုအပ်တဲ့ အမဲသားအသားကောင်း ၁၂၀,၁၃၂ ပိဿာကို အိတ်ပိတ်တင်ဒါစနစ်နဲ့ ဝယ်ယူလိုကြောင်း သိရပါတယ်။ ဒါကြောင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အမဲသားသတ် လိုင်စင်(စီ)ရထားတဲ့ စိတ်ပါဝင်စားသူများအနေနဲ့ ချမ်းမြသာစည် လေဆိပ်အနောက်ဘက်ရှိ စည်သွတ်စက်ရုံ (မန္တလေး)မှာ လာမည့် မေလ ၂၆ ရက်မှ မေလ ၃၀ ရက်အထိ တင်ဒါတင်သွင်းနိုင်တယ်လို့ သိရပါတယ်။ တင်သွင်းလာသည့် တင်ဒါများကိုလာမည့် ဇွန်လ ၂ ရက် နေ့လယ် ၁ နာရီအချိန်မှာ ဖွင့်ဖောက်ရွေးချယ် သွားမှာဖြစ်ပြီး စိတ်ပါဝင်စားသူများအနေဖြင့် တင်ဒါစည်းကမ်းအသေးစိတ်နှင့် တင်ဒါပုံစံများကို တင်ဒါတင်သွင်းရမည့် စက်ရုံတွင် ရုံးဖွင့်ချိန်များအတွင်း လာရောက်ကြည့်ရှုစုံစမ်းနိုင်ကြောင်းနှင့် တင်ဒါပုံစံတစ်စုံလျှင် ငွေကျပ် ၃၀,၀၀၀ ဖြင့် ဝယ်ယူတင်သွင်းနိုင်ကြောင်း သိရပါတယ်။ (NVS-004)

26 May

ADVERTISE HERE .