“ဖလားသုံးလုံးချန်ပီယံဖြစ်ရန် လက်တစ်ကမ်းအကွာမှာ ရှိနေတဲ့ PSG”
26 May
PSG အသင်းက ပြင်သစ်ဖလား (Coupe de France) ချန်ပီယံဆုကို ၁၆ ကြိမ်မြောက် ဆွတ်ခူးရရှိပြီး ဖလားသုံးလုံးချန်ပီယံဖြစ်ရန် လက်တစ်ကမ်းအကွာသို့ရောက်ရှိလာပြီဖြစ်ပါတယ်။ ၂၀၂၄-၂၅ ရာသီ ပြင်သစ်ဖလားဗိုလ်လုပွဲကို မေလ ၂၄ ရက်က PSG အသင်းက Reims အသင်းကို ၃ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး ချန်ပီယံဘွဲ့ကို ဆက်ခံခဲ့ပါတယ်။ အဆိုပါပွဲမှာPSG အသင်းအတွက် အနိုင်ဂိုးများကို တောင်ပံကစားသမား ဘာကိုလာ က ပွဲချိန် ၁၆ မိနစ်၊ ၁၉ မိနစ်နှင့် ညာနောက်ခံလူ ဟာကီမီ က ပွဲချိန် ၄၃ မိနစ်မှာ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ PSG အသင်းက ပြင်သစ်ဖလားပြိုင်ပွဲမှာ အအောင်မြင်ဆုံးစံချိန်တင်ထားပြီး နောက်ဆုံးနှစ်နှစ်ဆက်အပါအဝင် စုစုပေါင်း ၁၆ ကြိမ်မြောက် ဗိုလ်စွဲခြင်းဖြစ်ပါတယ်။ ဒါ့အပြင် PSG အသင်းက ၂၀၂၄-၂၀၂၅ ရာသီ လီဂူး-၁ ချန်ပီယံဆု ရရှိထားသလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲတက်ရောက်ထားတာကြောင့် သမိုင်းဝင်ဖလားသုံးလုံး ချန်ပီယံ ဖြစ်ရန် လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာခြင်းဖြစ်ပါတယ်။ (NVS 008)