ဝုဗ်အသင်းက မန်စီးတီးကစားသမား မက်အာတီး ကို စတာလင်ပေါင် ၂၅ သန်းဖြင့်ခေါ်ယူရန်ကြိုးပမ်း
25 May
ဝုဗ်အသင်းက အသင်းတိုက်စစ်မှူး ကန်ဟာ ကို မန်ယူအသင်းသို့ စတာလင်ပေါင် ၆၂ ဒသမ ၅ သန်းဖြင့် ရောင်းချရန် သဘောတူညီခဲ့ပြီးနောက် ကွင်းလယ်တိုက်စစ်ပိုင်းအတွက် မန်စီးတီးအသင်းမှ လူငယ်ကစားသမား မက်အာတီး ကို ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၂၅ သန်းဖြင့်ခေါ်ယူရန် ပစ်မှတ်ထားကြိုးပမ်းနေကြောင်း သိရသည်။ ကွင်းလယ်တိုက်စစ်ပိုင်းမှ ဆာရာဘီးယား ကလည်း အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် ငြင်းပယ်ခဲ့သဖြင့် ဝုဒ် အသင်း တာဝန်ရှိသူများက တိုက်စစ်ပိုင်းကို ပြန်လည်ဖြည့်တင်းရန်အတွက် လူငယ်ကစားသမား မက်အာတီးကို အမြန်ဆုံးခေါ်ယူနိုင်ရေး စီစဉ်ခဲ့ပြီး လက်ရှိတွင် လာလီဂါကလပ် လေဗာကူဆင်အသင်းနှင့်အပြိုင် ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ် လူငယ်ကစားသမား မက်အာတီး ကို ဥရောပကလပ်အသင်းများ အပါအဝင် ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်အသင်း၊ ဝက်စ်ဟမ်းအသင်း၊ နော်တင်ဟမ်အသင်း၊ ပဲလေ့စ်အသင်းနှင့် လိဒ်ယူနိုက်တို့ကလည်း ခေါ်ယူရန် ကာလရှည်စိတ်ဝင်စားနေသောကြောင့် ဝုဗ်အသင်းက အသင်းကစားကွက်နဲ့ အသင့်တော်ဆုံးဖြစ်တဲ့ မက်အာတီးကို လက်ဦးမှုရယူနိုင်ရန် အဆောတလျင် ကမ်းလှမ်းသွားမည်ဖြစ်ကြောင်း သိရပါတယ်။(NVS 008)