မိုဒရစ် ရဲ့နေရာမှာ အန်ဇိုဖာနန်ဒက်စ် နဲ့ အစားထိုးရန် ရီးရဲလ်ဆုံးဖြတ်

25 May

ကွင်းလယ်ကစားသမား မိုဒရစ် ဟာ အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီးနောက် လာမည့်ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် အသင်းမှထွက်ခွာမည်ဖြစ်လို့ ၎င်းနေရာတွင် အစားထိုးနိုင်မည့် ချဲလ်ဆီးအသင်း ကစားသမား အန်ဇိုဖာနန်ဒက်စ် ကိုခေါ်ယူရန် ရီးရဲလ်မက်ဒရစ်အသင်းက ဆုံးဖြတ်ထားကြောင်း သိရပါတယ်။ အန်ဇိုဖာနန်ဒက်စ် ကိုခေါ်ယူရန် ရီးရဲလ်မက်ဒရစ်အသင်းက ကာလရှည်ကြိုးပမ်းနေသော်လည်း ချဲလ်ဆီး အသင်းက တုံ့ပြန်မှုမရှိသေးဘဲ ဘင်ဖီကာအသင်းက ခေါ်ယူခဲ့သည့် ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၁ဝ၆ ဒသမ ၈ သန်းထက် ပိုပေးပါက ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံနိုင်ဖွယ်ရှိပြီး ကစားသမား ကိုယ်တိုင်ကလည်း ဘာနေဗျူးတွင် သွားရောက်ကစားရန် စိတ်အားထက်သန်လျက်ရှိပါတယ်။ လက်ရှိတွင် ချဲလ်ဆီးအသင်းအနေနဲ့ လာမည့်နှစ်ချန်ပီယံလိဂ် ဝင်ခွင့်ရရှိရန် မသေချာသေးသည့်အပြင် ကွန်ဖရင့်လိဂ်ပြိုင်ပွဲတွင်လည်း ဗိုလ်လုပွဲတက်ရောက်ခဲ့သော်လည်း ဘက်တစ်အသင်းနှင့် တွေ့ဆုံနေသဖြင့် ရှုံးနိမ့်ခဲ့ ပါက အန်ဇိုဖာနန်ဒက်စ် ဟာ အသင်းမှထွက်ခွာရန် သေချာနေတာဖြစ်ပါတယ်။(NVS 008)

25 May

ADVERTISE HERE .