ရက်ရှ်ဖို့ဒ် ကို ပေါင်သန်း ၄ဝ ဖြင့် ရောင်းထုတ်ဖွယ်ရှိတဲ့ မန်ယူအသင်း

25 May

မန်ယူအသင်းက အက်စတွန်ဗီလာအသင်းထံ အငှားချထားတဲ့ တိုက်စစ်ကစားသမား ရက်ရှ်ဖို့ဒ် ကို လာမည့်နွေရာသီတွင် ပေါင်သန်း ၄၀ ဖြင့် ရောင်းထုတ်ဖွယ်ရှိကြောင်း သိရပါတယ်။ မန်ယူအသင်းအနေနဲ့ ရက်ရှ်ဖို့ဒ် ကို အသင်းတွင် ပြန်လည်နေရာပေးရန် ဆန္ဒမရှိတော့လို့ ရောင်းထုတ်ရန်စီစဉ်နေခြင်းဖြစ်ရာ ကစားသမားကလည်း မန်ယူအသင်းတွင် ပြန်ကစားလိုခြင်း မရှိတော့ကြောင်း သိရပါတယ်။ သို့သော် ရက်ရှ်ဖို့ဒ် က မန်ယူအသင်းတွင်ရရှိနေသည့် လစာနှုန်းထားအတိုင်း အသင်းသစ်တွင်လည်း ရရှိသွားရန် လိုလားနေတဲ့အတွက် ခေါ်ယူလိုသည့်အသင်းများအနေနဲ့ အခက်တွေ့ဖွယ်ရှိနေပါတယ်။ ရက်ရှ်ဖို့ဒ် ဟာ မန်ယူအသင်းတွင် တစ်ပတ်လစာ ပေါင် ၃၂၅,၀၀၀ ရရှိနေတာဖြစ်ပါတယ်။ အက်စတွန်ဗီလာအသင်းက ၎င်းလစာငွေကို ပေးချေလိုခြင်းမရှိလို့ ရက်ရှ်ဖို့ဒ် ကို အပြီးသတ်ခေါ်ယူလိုခြင်း မရှိသလို ရက်ရှ်ဖို့ဒ် ကိုယ်တိုင်ကလည်း ဥရောပထိပ်တန်း အသင်းကြီးတစ်သင်းသို့သာ ပြောင်းရွှေ့လိုနေကြောင်း သိရပါတယ်။(NVS 008)

25 May

ADVERTISE HERE .