အာနိုးလ် ရဲ့ကစားသမားဘဝ မေဂျာလိဂ်တွင် အဆုံးသတ်နို်ငကြောင်း ဂယ်ရီနဗီးလ် သုံးသပ်
25 Mayနာမည်ကျော် ဘောလုံးသုံးသပ်သူတစ်ဦးဖြစ်သည့် ဂယ်ရီနဗီးလ် က လီဗာပူးနောက်ခံလူ အာနိုးလ် ရဲ့ ကစားသမားဘဝက မေဂျာလိဂ်တွင် အဆုံးသတ်လိမ့်မည်ဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့ပါတယ်။ အာနိုးလ် ဟာ လာမည့်နွေရာသီတွင် လီဗာပူးအသင်းနဲ့လမ်းခွဲပြီး ရီးရဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ တော့မှာဖြစ်ပါတယ်။ ဒါကြောင့် ဂယ်ရီနဗီးလ် က အာနိုးလ် အနေနဲ့ ရီးရဲလ်အသင်းမှာ သုံးနှစ်၊ လေးနှစ် ဒါမှမဟုတ် ငါးနှစ် ကစားသွားမှာဖြစ်ပြီး အဲဒီနောက်မှာ အမေရိကန်လိဂ်ကို ရောက်သွားနိုင်ကြောင်း ၎င်း၏ ထင်မြင်ယူဆမှုကို ပြောခဲ့တာဖြစ်ပါတယ်။ လီဗာပူးအသင်းသို့ အသက် ၉ နှစ်အရွယ်ကတည်းက ရောက်ရှိလာခဲ့တဲ့ အင်္ဂလန်နောက်ခံကစားသမား အာနိုးလ် အနေနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမည့် ဇွန်လ ၃၀ ရက်တွင် အသင်းမှထွက်ခွာမည်ဖြစ်ကြောင်း အတည်ပြု ကြေညာခဲ့ပြီးဖြစ်ပါတယ်။ (NVS 008)
25 May