ရေရှည်ငြိမ်းချမ်းရေးအတွက် အဆိုပြုချက်မူကြမ်းတစ်ရပ် ယူကရိန်းသို့ပေးပို့မည်ဟု ရုရှားနိုင်ငံခြားရေး ဝန်ကြီး ပြောကြား

25 May

အကျဉ်းသားချင်းအပြန်အလှန် ဖလှယ်မှုအစီအစဉ် ပြီးဆုံးချိန်တွင် ရေရှည်ငြိမ်းချမ်းရေးသဘောတူညီချက် တစ်ရပ် ရယူရေးအတွက် လိုအပ်သည့်အချက်များပါဝင်သော အဆိုပြုချက်မူကြမ်းတစ်ရပ်ကို ယူကရိန်းအစိုးရထံ ပေးအပ်ရန် အသင့်ရှိကြောင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့ဗ်က မေလ ၂၃ ရက်တွင် ပြောကြား ထားသည်။ ရုရှားနိုင်ငံအနေဖြင့် သုံးနှစ်ကျော်ကြာမြင့်နေပြီဖြစ်သော ယူကရိန်းစစ်ပွဲအတွက် အဖြေရှာမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး၏ ကြေညာချက်၌ ဖော်ပြထားသည်။ ရုရှားနှင့် ယူကရိန်းနိုင်ငံတို့သည် အစ္စတန်ဘူလ် ဆွေးနွေးပွဲ သဘောတူညီချက်အရ မေ ၂၃ ရက်တွင် အကျဉ်းသားဦးရေ ၃၉၀ စီကို စတင်လွှတ်ပေးခဲ့ပြီး မေ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင်လည်း ဆက်လက်လွှတ်ပေးမည်ဖြစ်ကြောင်း ကြေညာထားသည်။ အဆိုပါအကျဉ်းသားချင်းအပြန် အလှန်ဖလှယ်မှုအစီအစဉ်ပြီးဆုံးချိန်တွင် ရေရှည်ငြိမ်းချမ်းရေးအတွက် ရုရှားနိုင်ငံရေးဆွဲထားသော အဆိုပြုချက်မူကြမ်းတစ်ရပ်ကို ယူကရိန်းအစိုးရထံ ပေးပို့မည်ဖြစ်ကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးက ပြောကြားထားသည်။ သို့ရာတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီးသည် ယူကရိန်း၏ မောင်းသူမဲ့လေယာဉ်တိုက်ခိုက်မှုများကို ဝေဖန် ခဲ့ပြီး ၎င်းတိုက်ခိုက်မှုများအတွက် တုံ့ပြန်မည်ဟုသတိပေးထားကြောင်း သိရသည်။

25 May

ADVERTISE HERE .