အရာတော်မြို့နယ်တွင် မိုးသီးနှံရာသီ၌ နှမ်းဧက ၄၃,၀၀၀ ကျော် စိုက်ပျိုးမည်
24 May
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ နှမ်းဧက ၄၃,၀၂၀ စိုက်ပျိုးမည်ဖြစ်ကြောင်း မုံရွာခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။ အရာတော်မြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ နှမ်းဧက ၄၃၀၂၀ စိုက်ပျိုးရန်အတွက် လျာထားပြီး ယခုလက်ရှိ နှမ်းသီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် လယ်ယာမြေများ ထွန်ယက်လျက်ရှိပါတယ်။ လျာထားဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့အတွက် ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး နှမ်းစိုက်ဧက တိုးချဲ့စိုက်ပျိုးနိုင်ရန်၊ အထွက်နှုန်း ကောင်းမွန်ရန်နှင့် GAP နည်းစနစ်နဲ့ စိုက်ပျိုးနိုင်ရန်အတွက် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးနေကြောင်း မုံရွာခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးထံမှ သိရပါတယ်။ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက နှမ်းစိုက်တောင်သူများကို နှမ်းသီးနှံများ အထွက်နှုန်းကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး၊ လျာထားဧက ပြည့်မီကျော်လွန်အောင် စိုက်ပျိုးနိုင်ရေး၊ လိုအပ်သည့် သွင်းအားစုများ ရရှိစေရေး၊ သဘာဝဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးများ ပြုလုပ်သုံးစွဲတတ်စေရေးတို့အတွက် အသိပညာပေးမှုများ ဆောင်လျက်ရှိပါတယ်။(NVS 004)