ထိုင်းသံရုံးက ကြီးမှူးကျင်းပမည့် ထိုင်းသီချင်းဆိုပြိုင်ပွဲကြီးကို မြန်မာနိုင်ငံတွင် ကျင်းပမည်

24 May

မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက ကြီးမှူးကျင်းပမည့် ထိုင်းသီချင်းဆိုပြိုင်ပွဲ T-Pop Star Challenge Myanmar Season 2 ကို ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်ရှိ Novotel Yangon Max Hotel Ballroom တွင် ဇွန်လ ၂၁ ရက်မှ ၂၂ ရက်ထိကျင်းပသွားမယ်လို့ T-Pop Star Challenge Myanmar Season 2 ပြိုင်ပွဲကျင်းပရေးကော်မတီမှ သိရပါတယ်။ ထိုင်းသီချင်းဆိုပြိုင်ပွဲကြီးတွင် ထိုင်းအစားအစာများ၊ ဖျော်ရည်၊ အလှကုန်ပစ္စည်း၊ ဖက်ရှင်ဒီဇိုင်း၊ ခရီးသွား ဝန်ဆောင်မှု၊ ဆက်သွယ်ရေးဝန်ဆောင်မှု၊ ကျန်းမာရေးဆိုင်ရာရရှိနိုင်မည့် Package များ၊ ထိုင်းအနုပညာဆိုင်ရာ ပစ္စည်း များကို ဆိုင်ခန်းပေါင်းများစွာဖြင့် ခင်းကျင်းပြသခြင်းများ ပါဝင်သွားမှာဖြစ်ပါတယ်။ ပြိုင်ပွဲတွင် T-Pop Star Challenge Myanmar Season 2 ဆန်ခါ တင်ပြိုင်ပွဲဝင် ရှစ်ယောက်က တိုက်ရိုက် Live ဖျော်ဖြေတင်ဆက်သွားမှာဖြစ်ပြီး Winner ဆုရရှိသူကို ဆုကြေးငွေအနေနဲ့ အမေရိကန်ဒေါ်လာ ၃,၂၀၀ ချီးမြှင့်ပေးအပ် သွားမှာဖြစ်ကြောင်း သိရပါတယ်။(NVS 004)

24 May

ADVERTISE HERE .