နွေရာသီအပြောင်းအရွှေ့ကာလမှာ မန်ယူအသင်းမှ ထွက်ခွာဖွယ်ရှိနေတဲ့ ဂါနာချို
23 May
မန်ယူအသင်း လူငယ်ကစားသမား ဂါနာချို ဟာ လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် အသင်းမှထွက်ခွာရန် ပြင်ဆင်လျက်ရှိကြောင်း သိရပါတယ်။ အသက် ၂ဝ အရွယ် ဂါနာချို ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်က အက်သလက်တီကိုအသင်း အကယ်ဒမီမှ မန်ယူအသင်းသို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် မန်ယူအသင်း၌ စတင်ပါဝင်ကစားခဲ့ရာ ခြေစွမ်းပြကစားနိုင်ခဲ့ သူ ဖြစ်သော်လည်း ပြီးခဲ့တဲ့ယူရိုပါလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ပါဝင်ခွင့်မရရှိခဲ့လို့ အသင်းမှထွက်ခွာရန် ပြင်ဆင် နေခြင်းဖြစ်ပါတယ်။ ဂါနာချို အနေနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွင် မန်ယူအသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်း ပြသနိုင်ခဲ့ပြီး သွင်းဂိုးများ သွင်းယူနိုင်ခဲ့သော်လည်း နည်းပြ အာမိုရင် က စပါးအသင်းနှင့်ကစားခဲ့သည့် ဗိုလ်လုပွဲတွင် ပွဲထွက်ကစားသမား စာရင်းမှ ချန်လှပ်ခံခဲ့ရပါတယ်။ ဒါကြောင့် နည်းပြ အာမိုရင် နဲ့ ဆက်ဆံရေးတင်းမာမှုများ ရှိလာခဲ့လို့ လာမည့်နွေရာသီ ကစားသမား အပြောင်းအရွှေ့ကာလက အသင်း မှထွက်ခွာရန်အတွက် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။(NVS 008)